အခန်း(၉၇)

1.6K 169 17
                                    

အခန်း(၉၇)

ကိစ္စရှိတယ်။

Han Yunxi ၏ အကြည့်များမှာ Zhao မားမား လက်ထဲမှ အမှိုက်များအား ဂရုတစိုက်ကြည့်လိုက်ပြီး သံသယများ တိုးပွားလာသည်။

Long Feiye က သူမကို လွှတ်လိုက်တာ......

သူက ဘာလို့ ရုတ်တရက်ကြီး သူမဆီကို လူတစ်ယောက် ထပ်ပို့လိုက်လဲ။ Chen Xiang လေးက ဟန်အိမ်မှာ ရောက်နေတာ သိသွားပြီး သူမမှာ အစေခံမရှိမှာစိုးရိမ်လို့လား။ သူမကို နောက်တစ်ယောက်ထပ်ပေးတာလား။

ဒီ လျစ်လျူရှုထားတတ်တဲ့ ဧရာမရေခဲတုံးကြီးက ဘယ်တုန်းက ပြင်ပကိစ္စတွေကို ဝင်ပြီးစွက်ဖက်တတ်လာတာလဲ။

Han Yunxi ၏ အမူအရာအား လေ့လာရင်း မသက်မသာဖြစ်လာသော Zhao မားမားမှာ အလျင်စလို ရှင်းပြလာသည်။ "လေးစားရတဲ့ဝမ်ဖေး ဒီအစေခံက ကြုံသလို မလွှတ်ပစ်ပါဘူး။ အရှင့်သား ပစ်ဖို့ အမိန့်ပေးလိုက်တာတွေပဲ လွှတ်ပစ်တာပါ။"

သို့မှသာ Han Yunxi မှာ သတိဝင်လာသည်။ သူမ Zhao မားမားအား အာရုံမစိုက်နိုင်ပဲ 'အို' ဟု ရေရွတ်ကာ မေးလိုက်သည်။ "Zhao မားမား.. ဟုတ်လား။"

"ဟုတ်ကဲ့.. ဟုတ်ကဲ့..." Zhao မားမားမှ အလျင်စလို ဖြေလိုက်သည်။

"လုပ်စရာလည်း မရှိတော့ဘူးဆိုတော့ သွားလို့ရပြီ။ သတိထားသွားဦး" Han Yunxi မှ ညင်သာစွာ ပြောကာ ခြံဝန်းထဲဝင်သွားလိုက်သည်။

"လေးစားရတဲ့ဝမ်ဖေး....."Zhao မားမားက ပြောချင်နေသည်များ ရှိသေးသော်လည်း ဝမ်ဖေးမှာ ခြံဝန်းထဲဝင်သွားပြီဖြစ်၍ သူမ လက်လျော့လိုက်သည်။ သူမ သဘောကျသွားတယ်။ ဒီလေးစားရတဲ့ဝမ်ဖေးက လုံးဝ ရုပ်မဆိုးဘူး။ သူမ (Han Yunxi )က သူမ စိတ်ကူးကြည့်ထားသည်ထက်ပင်လှနေသေးပြီး သူမအား သတိထားရန် ပြောပေးလိုက်သေးသည်။ ဒီဝမ်ဖေးက စိတ်ရင်း ဆိုးသွမ်းနေတာ မဟုတ်လောက်ဘူး။

Han Yunxi မှာ လမ်းလျှောက်ရင်း နှုတ်ခမ်းဆူလာသည်။ ဒီ ဧရာမရေခဲတုံးကြီးက Chen Xiang လေးဒီမှာ မရှိတာကို ဘယ်လို သိသွားတာလဲ။ သူက ရုတ်တရက်ကြီး ကြင်နာပြနေပြီး သူမကို အစေခံတစ်ယောက်တောင် ထပ်ပေးလိုက်သေးတယ်။ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် သူက စာနာထောက်ထားပေးတယ်လို့ပဲ ယူဆလိုက်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now