အခန်း(၁၈၉)

1.3K 145 25
                                    

အခန်း(၁၈၉)

အမုန်းတရား။ အကုန် နင့်ကြောင့်ပဲ။







Murong Wanru  မှာ မယ်တော်ကြီးမှ သူမဘက်သို့ ကြည့်လာခြင်းကြောင့် တုန်လှုပ်သွားပြီး အလျင်အမြန် ဒူးထောက်လိုက်သည်။ “ လေးစားရတဲ့ မယ်တော်ကြီး Wanru  ကြောင့် မျက်နှာပျက်ရပါပြီ။ Wanru က အမှန်ပဲ ဂရုမစိုက်ပဲ လုပ်ဆောင်မိပါတယ်။ Wanru  ကို မယ်တော်ကြီးက အပြစ်ပေးပါ။"

မယ်တော်ကြီးမှာ  Murong Wanru  အားအေးစက်စွာ ကြည့်ရင်း သူမ၏ စူးရှသော ဇာမဏီမျက်ဝန်းများမှာ မနှစ်မြို့မှုများဖြင့် ပြည့်နှက်နေသည်။ ဟန်မိသားစုကို အနိုင်ပိုင်းဖို့ ကိစ္စက ကျရှုံးသွားရရုံတင်မကဘူး Han Yunxi  ကိုပါ ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်လာနိုင်မယ့် အခွင့်အရေး ပေးလိုက်သလိုတောင် ဖြစ်သွားတယ်။ တရားရုံးတော်က ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရတော့မယ်။ ဒီလိုကိစ္စမျိုး ပျံ့သွားရင် တရားရုံးတော်တင်မဟုတ်ပဲ သူမကိုပါ လူတွေက လှောင်ကြတော့မှာ မဟုတ်ဘူးလား။ Murong Wanru  ရဲ့ အကြံကြောင့်သာ မဟုတ်ရင် သူမက ဒီလို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေအထိ ကျဆင်းသွားရမှာ မဟုတ်ဘူး။

မယ်တော်ကြီးမှာ Murong Wanru  အား မည်ကဲ့သို့ မမုန်းပဲ နေနိုင်မည်နည်း။

Murong Wanru   မှာ ခေါင်းမဖော်ဝံ့ပေ။ အချိန်အတော်ကြာပြီးသည်အထိ မယ်တော်ကြီးမှစကား မပြောလာလျှင် Murong Wanru မှာ စိုးရိမ်ပူပန်လာသည်။မယ်တော်ကြီးမှာ သူမက နောက်ပြန်ဆုတ်လို့ ရနိုင်သည့် နောက်ဆုံး လမ်းကြောင်း ဖြစ်သည်။ မယ်တော်ကြီးမှာ သူမ အားကိုးနိုင်သည့် နောက်ဆုံးသူ ဖြစ်ပြီး သူမက ဤအခွင့်အရေးအား လက်လွတ်မခံနိုင်ပေ။ သူမက စကားစရန် ပြင်လိုက်စဥ်မှာပဲ မယ်တော်ကြီး၏ မျက်လုံးများထဲမှ တွက်ချက်နေမှုများမှာ ဖြတ်သွားပြီး အရင်စကားပြောလာသည်။ “ မတ်တပ်ရပ်ပြီး ပြောချေ..။"

Murong Wanru  မှာ ၎င်းအား မထင်မှတ်ထားပေ။ မယ်တော်ကြီးမှာ သူမ၏ ဒေါသထား ထိန်းချုပ်ထားပြီး သူမအား ပုံမှန်အတိုင်း စကားပြောခွင့်ပေးလာသည်။ သူမက သနားစရာ အမူအရာဖြင့် မဝံ့မရဲ ခေါင်းမော့လိုက်သည်။ “ လေးစားရတဲ့ မယ်တော်ကြီး Wanru  က ကိုယ့်အမှား ကိုယ်သိပါတယ်။ Wanru  က မထရဲပါဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now