အခန်း(၁၈၈)

1.3K 142 11
                                    

အခန်း(၁၈၈)

ဘယ်သူ ပိုကောင်းအောင် လုပ်နိုင်သလဲ။





သမားတော်လီနှင့် သခင်မလီ နှစ်ယောက်စလုံးမှ သတ်သေသွားခြင်းမှာ သံသယရှိစရာမလိုအောင်ပင် နောက်ကွယ်မှ လူအား ဖုံးကွယ်ရန် ဖြစ်သကဲ့သို့ သူတို့၏ သားဖြစ်သူ၏ လုံခြုံရေးနှင့် အနာဂါတ်အတွက်လည်း ဖြစ်သည်။ အရာရှိ Ouyang မှာလည်း လေးစားရတဲ့ဝမ်ဖေးနှင့် ဟန်အိမ်အား ရန်စဝံ့သူမှာ မည်သူဖြစ်နိုင်ကြောင်း ခန့်မှန်းမိနေသည်။ အခု ကိစ္စက ဒီအထိရောက်လာပြီ သူတို့က ဘယ်လို ဆက်လုပ်ရမလဲ။

သူက ကိစ္စတွေကို လတ်စသတ်ဖို့ပဲ တတ်နိုင်တယ်လေ…….

အရာရှိ Ouyang  မှာ အောက်ငုံ့ထားရင်း လျှို့ဝှက်စွာ စိတ်ဓါတ်ကျနေသည်။ သူက နန်းတော်က သူအား အပြစ်ပြုစရာမလိုပဲ ဒီမှာ သူရှေ့မှာ ရှိနေတဲ့ တခြားတစ်ယောက်ကိုလည်း ကျေနပ်အောင် ဘယ်လို အမှုကို ရုတ်သိမ်းရမလဲ။ အခုအချိန်မှာ အရာရှိ Ouyang  မှာ သူ့ရဲ့ ဦးနှောက်က နှစ်ဆလောက် ကြီးလာရင်တောင် ဘာလုပ်ရမလဲဆိုတာ မသိသေးဘူး။

“အရာရှိ Ouyang  ဆက်မယ်။"  Han Yunxi  မှာ အံကြိတ်ရင်း တစ်လုံးချင်း ပြောလိုက်သည်။ သူမ၏ မကျေမနပ် ဖြစ်နေမှုများမှာလည်း မျက်နှာတွင် ရေးဆွဲထားလေသည်။

“ဟုတ်ကဲ့… ဟုတ်ကဲ့ပါ။" အရာရှိ Ouyang မှာ ခေါင်းငြိမ့်လိုက်သည်။ သူက ကိစ္စအများကြီး တစ်ခါတည်း မဖြေရှင်းနိုင်ဘူး။ သူက နန်းတော်က တစ်ယောက်ကို ကိုယ်တိုင်ကိုယ်ကျ သွားရှင်းမပြရခင်မှာ အရင်ဆုံး​ ရှေ့မှာရှိတဲ့ ဒီကြောက်စရာကို ကျေနပ်အောင် လုပ်ပေးလိုက်တာက ပိုကောင်းလိမ့်မယ်။

အရာရှိ Ouyang  မှာ ချက်ချင်းပင် မူလမှာ အပြစ်ဒဏ်အား သခင်မလီသာလျှင် တရားခံအစစ်ဟု ပြောင်းလဲလိုက်သည်။ သူမ​၏ သတ်သေမှုကြောင့် သူက သူမအား လူသတ်မှုဖြင့် အရေးမယူနိုင်တော့ပေ။  မဒမ် Chen အတွက်မူ သူမက အမှန်တရားအား ဖုံးကွယ်ထားကာ ကြံရာပါ ဖြစ်နေခဲ့သည်။ သူမက သေဒဏ်မှ လွတ်မြောက်နိုင်သော်လည်း အပြစ်မှ လွတ်မြောက်နိုင်မည်တော့ မဟုတ်ပဲ ထောင်ဒဏ်ဆယ်နှစ် ကျခံရမည် ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now