အခန်း(၁၇၃)

1.4K 158 28
                                    

အခန်း(၁၇၃)

သူနားလည်လိမ့်မယ့် ခြိမ်းခြောက်မှုတစ်ခု။






ဧကရာဇ် Tianhui မှာ ဒေါသများ ပြည့်နေသော်လည်း မယ်တော်ကြီးအား ဒေါသမထွက်နိုင်သောကြောင့် Gu Beiyue ဘက်သို့ မဲတော့သည်။

"Gu Beiyue၊ ရက်တွေကြာနေပြီ။ တော်ဝင်သမားတော် ခြံဝန်းက ဒီရောဂါက ဘာလဲဆိုတာ မသိသေးဘူးလား။ ကိုယ်တော် က မင်းအားလုံးကို အားကိုးလို့ မရဘူးလား။ မင်းရဲ့ တော်ဝင် သမားတော် ချုပ် ရာထူးကနေ ထွက်ချင်ပြီလား။"

" ကိုယ်တော်မင်းကို နောက်ထပ် အများဆုံး သုံးရက်ပေးမယ်။ အဲဒီအချိန်မှ မင်းက ကပ်ရောဂါကို မထိန်းနိုင်သေးဘူး ဆိုရင် ကိုယ်တော်က ရက်စက်တယ်လို့ အပြစ်မတင်နဲ့။"

ကပ်ရောဂါအား ကုသရန် နည်းလမ်းများစွာမရှိသော်လည်း အနည်းဆုံးတွင် ၎င်း၏ပျံ့နှံ့မှုအား ထိန်းထားနိုင်သေးသည်။ သို့သော် မည်သို့သော ပုလိပ်ရောဂါအမျိုးအစား ဖြစ်ပွားနေသည်အား မည်သူမျှ ရှင်းရှင်းလင်းလင်းပင် မသိရသေးသောကြောင့် ထိန်းချုပ်ရန် သင့်လျော်သော ကြိုတင်ကာကွယ်မှုများအား ဆုံးဖြတ်ရန် နည်းလမ်းမရှိပေ။ ဤအခြေအနေတွင် လူနာများအား မီးရှို့သတ်ပစ်ခြင်းကဲ့သို့သော လူမဆန်သောနည်းလမ်းများ အသုံးပြုခြင်းဖြင့်သာ ကပ်ရောဂါအား ထိန်းချုပ်နိုင်မည်ဖြစ်သည်။ တရားရုံးတော်မှာ အရပ်သားများအတွက် ထိုသို့သောအစီအစဥ်များအား ချမှတ်နိုင်သော်လည်း ယခုမူ မြင့်မြတ်သောမိသားစုများနေထိုင်ရာ မြို့တော်တွင်ဖြစ်ပြီး မတူညီသောကိစ္စရပ်တစ်ခုလာဖြစ်သည်။ ဥပမာအားဖြင့် တော်ဝင်ဦးလေးမိသားစု၏ တတိယမြောက်သခင်လေးမှာ သူ၏နောက်ဆုံးထွက်သက် ရောက်နေပြီဖြစ်သော်လည်း တော်ဝင်သမားတော်အနည်းငယ်မှာ သူ၏အသက်အား ကယ်တင်နိုင်ရန် ကြိုးစားနေရဆဲဖြစ်သည်။

အထက်တန်းစားများ၊ အရာရှိဝန်ကြီးများ၊ စစ်သူကြီးများ အားလုံးမှာ အဆင့်အတန်းတူ ရပ်တည် နေထိုင်ကြသည်။

ရက်စက်သော်လည်း ၎င်းမှာ လက်တွေ့ဖြစ်သည်။ နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်သော Gu Beiyue သည် အဆက်မပြတ် မျက်မှောင်ကျုတ်ကာ အချိန်ကုန်ဆုံးသွားသည်။ သမားတော်တစ်ယောက်အနေဖြင့် ကြင်နာမှုနှင့် ကရုဏာထားရန် လေ့ကျင့်ခဲ့ရသော်လည်း သူက မရေမတွက်နိုင်သည့် ရက်စက်ကြမ်းကြုတ်သော ရွေးချယ်မှုများစွာကို ပြုလုပ်ခဲ့ရသည်။ ရောဂါအား ကုသရန် နည်းလမ်းမရှိလျှင် တစ်ခုတည်းသော ရွေးချယ်မှုသည် ရောဂါအား သီးသန့်ထားရန် ကြာမြင့်စွာကတည်းက သတိပေးခဲ့သည်။ ထိုကဲ့သို့ သီးသန့်ခွဲထားမှုသည် သာမန်ပြည်သူများအတွက်သာမက တော်ဝင်မိသားစုတွင်လည်း သက်ရောက်မှု ရှိနေသည်။ ခြွင်းချက်မရှိ ဖျားနာသူအားလုံးအား မီးရှို့သင့်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now