အခန်း(၁၀၁)

1.6K 182 2
                                    

အခန်း(၁၀၁)

လျှို့ဝှက်ချက် ဖော်ထုတ်ခြင်း။ နောက်ကွယ်မှ ကျွမ်းကျင် ပညာရှင်။

 
 

Han Yunxi မှာ ဆန်ပြုတ်အား စေ့စေ့ကြည့်ရင်း အကျဥ်းထောင်မှာ တိတ်ဆိတ်နေသည်။ သူမ၏ အလေးအနက်ထားသည့် ပုံစံမှာ သူမအား  စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေသော လူများအား နစ်မျောသွားစေနိုင်သည်။  Long Feiye  ၏အကြည့်များမှာ သူမ မျက်နှာတွင်သာ ကျရောက်နေသည်။  သူက သူမရဲ့ အာရုံစိုက်မှုအပြည့်ဖြင့် ပညာရှင်တစ်ဖက်ခြမ်းအား မြင်ခဲ့သည်မှာ ကြာခဲ့ပြီ။ ဒီအဆိပ်သခင်ကို သူ့ရဲ့ ​ဘေးမှာထားထားတာ ယုတ္တိတန်ရဲ့လား။

Long Feiye မှာ အတွေးများနေစဥ် Han Yunxi ၏ လေးနက်သော အမူအရာမှာ တောက်ပသွားပြီး ပြောလိုက်သည်။ “လုံလောက်သွားပြီ။"

Long Feiye မှာ ဆန်ပြုတ်အား အလျင်စလိုကြည့်လိုက်ပြီး ကြည်လင်နေသော ဆန်ပြုတ်မှာ တဖြည်းဖြည်း မဲနက်လာကြောင်း တွေ့လိုက်ရသည်။

“ဒါဆို သွေးက အဆိပ်ရှိနေတာလား။" Long Feiye မှာ အကြံအစည်အား ချက်ချင်းပင် ဖမ်းမိသွားသော ထက်မြက်သည့်လူဖြစ်သည်။ ဆန်ပြုတ်တွင် အဆိပ်မရှိမှတော့ မဲနက်လာသည့် အကြောင်းပြချက်က သွေးပဲဖြစ်ရမယ်။

Han Yunxi မှာ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်။ သူတို့ သွေးထဲမှာ ဆန်အဆိပ်ရှိနေတယ်။"

“ဘယ်လိုဖြစ်နိုင်မှာလဲ။" Long Feiye မှ မေးလိုက်သည်။ တကယ်လို့ သွေးထဲမှာ အဆိပ်ရှိနေရင် ဒီသုံ့ပန်းတွေက ဘယ်လိုဖြစ်ပြီး အခုအချိန်အထိ အသက်ရှင်နေတာလဲ။ အဆိပ်ပညာတွေကကော ဘာလို့ လက္ခဏာတစ်ခုမှ ရှာမတွေ့ခဲ့တာလဲ။ Long Feiye မှာ အဆိပ်များအား နားမလည်သော်လည်း အဆိပ်က သွေးထဲရောက်သွားသည်နှင့် ပြင်းထန်စွာ အဆိပ်မိသွားပြီ ဖြစ်ကြောင်း သိနေသည်။ အဲ့တာက အခြေခံအားဖြင့် ကယ်တင်ရန် မဖြစ်နိုင်တော့ချေ။

Long Feiye မှာ သုံ့ပန်းများမှ သွေးနမူနာယူရန် အမိန့်ပေးလိုက်ရာတွင် သွေးစက်အချို့သာ ယူလာရန် ဖြစ်သည်။ ဤ ရိုးရှင်းသည့် စမ်းသပ်မှုကတောင်  သူတို့မှာ အဆိပ်ရှိတယ်ဆိုတာ ထုတ်ဖော်နိုင်တယ်။ အဲ့ဒီလိုဆိုရင် သူတို့တစ်ကိုယ်လုံးမှာ အဆိပ်ပျံ့နေလောက်ပြီ။ အဆိပ်အပြည့်ရှိတဲ့ ခန္ဓာကိုယ်နဲ့တောင် သူတို့က သာမာန်လူလို နေနိုင်တယ်။ တကယ်လို့  သူကသာ ကိုယ်တိုင်မမြင်ရရင် Long Feiye မှာ သံသယဝင်မိလောက်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now