အခန်း(၁၅)

2.3K 219 0
                                    

အခန်း(၁၅)

စိတ်ဝင်စားစရာကောင်းတဲ့ ဖြောင့််မတ်မှု။

တော်ဝင်ကြင်ယာတော်ကြီးYiဟာ အလှအပနဲ့ သန့်ရှင်းမှုကို နှစ်သက်ပြီး ပေါ့ပေါ့ပါးပါး အေးဆေးစွာ နေတတ်တဲ့ အမျိုးသမီးဖြစ်သည်။ အခန်းတစ်ဘက်တစ်ချက်စီမှာ ပန်းတွေနဲ့အလှဆင်ထားပြီး တစ်ခန်းလုံးလဲ ပန်းရနံ့သင်းနေတာကြောင့် Han Yunxi ဟာ ကျားနဲ့ နဂါးတွေကြား ရောက်နေတာတောင် မေ့သွားသလိုပင်။

တော်ဝင်ကြင်ယာတော်ကြီးYi ဟာ ပျင်းရိစွာ လဲလျောင်းနေသည်။ အသက်၄၀ အရွယ်အမျိုးသမီးတစ်ယောက်အနေနဲ့ သူမအတော့်ကို လှပပြီး ဇာမဏီမျက်ဝန်းတစ်စုံက ဧကရီတစ်ပါးအသွင်တင့်တယ်လှသည်။

Han Yunxi အခန်းထဲဝင်လိုက်တာနဲ့ သူမက စိုက်ကြည့်လိုက်တယ်။ လှပတဲ့ သူမ ချွေးမကို ကြည့်ပြီး ကြင်ယာတော်ကြီးYi က အနည်းငယ် စိတ်ရှုပ်သွားသည်။ မယ်တော်ကြီးသာ Feiye  ကို သူမနဲ့ လက်ထပ်ဖို့ တွန်းအားပေးခဲ့တာ မဟုတ်ရင် ဒီချွေးမကို သူမသဘောကျနိုင်တယ်။

ကြင်ယာတော်ကြီးက သူမကို စိုက်ကြည့်နေစဥ်မှာပင် Han Yunxi ဟာ ဝမ်ရယ်နား တိတ်ဆိတ်လှမ်းသွားလိုက်သည်။

“Feiye မင်းညတုန်းက ဘယ်အချိန်ပြန်ရောက်တာလဲ။ မင်းက တစ်နေကုန်စောင့်နေတဲ့ ဒီ မူဖေးကိုတောင်မပြောဘူး။”

“တစ်ခုခု ဖြစ်ခဲ့တာလား။" Long Feiye ပြန်ဖြေလိုက်ချိန်မှာတော့ ခံစားချက်တစ်ချို့ ပါလာခဲ့တယ်။

“ဘာမှမဖြစ်ပါဘူး။ မတွေ့ရတာကြာပြီမို့ ငါမင်းကို သတိရရုံတင်" ကြင်ယာတော်ကြီးYiဟာ ပြုံးရင်းပြောလိုက်သည်။

Han Yunxi ဟာ ရင်ထဲ အေးသွားတယ်။ မနေ့က မင်္ဂလာဆောင်ဆိုတာ ဒီအမေနဲ့သားက မေ့သွားလား။ သူတို့ ဘာပြောချင်နေတာလဲ။

Han Yunxi လည်း ယခင်က သူမ Long Feiye အပေါ်ထားတဲ့ မျှော်လင့်ချက်ဟာ ပျောက်သွားပြီ။ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ သူမ ကံပေါ့။ ဖြစ်လာတာကိုလက်ခံရတော့မှာပဲ။ ယခင်ကလည်း သူမ ဒုက္ခမတွေ့ဘူးတာမှ မဟုတ်တာ။

မထင်မှတ်ဘဲ Long Feiye ဟာ သူ့အင်္ကျီလက်ထဲမှ ပုဝါထုတ်ပြီး ပေးလိုက်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now