အခန်း(၄၂)

2K 159 4
                                    

အခန်း(၄၂)

နှိုင်းယှဥ်လို့မရတဲ့ပူပန်မှု။ အသက်အတွက်အသက်။

ချင်ဝမ်အိမ်တော်မှ ထွက်လာပြီးမကြာခင် အရှိန်ပြင်းသည့် မြင်းလှည်းများသည် ရပ်တန့်သွားသည်။ မင်းသမီးChangping ၏ အဆိပ်မှာလဲ မျက်နှာတွင်တောက်လောင်နေပြီး မခံမရပ်နိုင်အောင်ပင် ယားယံနေသည်။ အိမ်တော်ခြံဝန်းထဲက ထွက်လာတာနဲ့အဆင်ပြေသွားပြီ။ သူမ လမ်းမပေါ်မှာဆိုတာလဲ ဂရုမစိုက်နိုင်ဘူး။

လက်တစ်ဖက်မှ မီးပုံးကိုင်ကာ နောက်တစ်ဖက်က ဂါဝန်မရင်း သူမ Han Yunxi ၏လှည်းဆီသို့သွားလိုက်သည်။ Han Yunxi မှာငိုက်မျဥ်းနေပြီး မင်းသမီးChangping ထံမှအလင်းအား ကားဆီရန် လက်ဆန့်လိုက်သည်။

“မင်းသမီး ဒါက..”

သူမစကားမဆုံးခင် မင်းသမီးChangping မှာ ပုဝါအားဆုတ်ဖြဲလိုက်ပြီး အဆိပ်ကြောင့် အဖုအပိန့်များပြည့်နေသော မျက်နှာပေါ်လာသည်။ သူမအသားအရည်မှာ မီးရောင်ဖြင့် ကြောက်လန့်ဖွယ် မြင်ကွင်းဖြစ်နေသည်။

“မကောင်းဆိုးဝါး..” Han Yunxi မှာ ထိတ်လန့်ဟန်ဖြင့် အော်လိုက်တယ်။ သူမ ယခုလိုအဆိပ်မျိုးအား ကောင်းကောင်းနားလည်သော်လည်း တစ်ခါမှတော့ ကိုယ်တိုင်မတွေ့ဘူးခဲ့ပေ။

“Han Yunxi နင် ဒီမင်းသမီးကို မကောင်းဆိုးဝါးလို့ ခေါ်ရဲတယ်။" မင်းသမီးChangping မှာအလွန်တရာကို စိတ်ဆိုးနေသည်။ သူမ အမှန်ပဲ မကောင်းဆိုးဝါးနှင့်တူနေလို့လား။ သူမတွေ့ခဲ့သမျှသမားတော်တိုင်းမှာ ကြောက်ရွံ့သွားကြတာကြောင့် သူမမှန်ပင်မကြည့်ရဲတော့ပေ။

“မဟုတ်ပါဘူး.. မဟုတ်ပါဘူး။" သူမ အလွန်အားနည်းဟန်ဖြင့် ခေါင်းခါရန်ပင် ပင်ပန်းနေသည်။ အထူးသဖြင့် ဂျင်ဆင်းအပါအဝင် ဆေးနှင့် ဆန်ပြုတ်သောက်ပြီးနောက် သူမ သိပ်အားနည်းမနေတော့ပေ။ သို့ရာတွင် စိတ်အားထက်သန်နေသည့်မင်းသမီးလေးရှေ့တွင် သူမအားနည်းပြရမည်။

“ Han Yunxi အခုထ။ နင်က အဆိပ်ကုတာတော်တယ်လို့ တော်ဝင်သမားတော်Guက ပြောလိုက်တယ်။ မြန်မြန်ထပြီး ငါ့ကိုကုပေး။ငါက ယားလို့သေတော့မယ်။ မြန်မြန်။" မင်းသမီးChangping က ရိုင်းစိုင်းစွာပင် အမိန့်ပေးလိုက်တယ်။ မင်းသမီးChangping မှာငယ်ရွယ်သူဖြစ်နေတာအား ဘေးဖယ်လိုက်ရင်တောင် သူမ အကူအညီတောင်းလိုသည့်လူအား အော်ဟစ်ရိုင်းစိုင်းမနေသင့်ချေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now