အခန်း(၈၄)

1.6K 158 0
                                    

အခန်း(၈၄)

အထင်ကြီးလောက်စရာ…မတူညီသောပြစ်ဒဏ်များ(၂)

 

ထိုအချိန်အတွင်း သတိလစ်နေသော Helian Zuixiang မှာ သတိရလာပြီး သားဖြစ်သူအား ရိုက်နှက်နေသော သခင်မXu အား မြင်လျှင် အံ့သြသွားရပြန်သည်။ သူမ တရားရုံးတော်မှ လူများနှင့် အရာရှိOuyang အားမြင်မှသာ ကိစ္စရပ်များအား အရိပ်အမြွက် နားလည်သွားသည်။

နောက်ဆုံးတွင် သခင်မXu လက်မှာ အားကုန်လာပြီး  Han Yuqi ၏ မျက်နှာ မှာ ဝက်တစ်ကောင်ကဲ့သို့ နီရဲကာ ရောင်ယမ်းလာသည်။ သခင်မXu မှာ ဒူးထောက်ပြီး ပြောလာသည်။ “လေးစားရတဲ့ဝမ်ဖေး မျက်နှာ  ရောင်ကိုင်းလာပြီ။ တကယ်ကို ရောင်ကိုင်းလာပါပြီ…..”

Han Yuqi မှာ မည်မျှ နာကျင်မည်အား ကြောက်ရွံ့နေပါစေ သည်းခံလိုက်ပြီး အလျင်စလို ခေါင်းမော့လိုက်သည်။ သူ၏ ဝက်နှင့်တူလာကာ နီမြန်းနေသော မျက်နှာအားမြင်လျှင်  Han Yunxi မှာ ရယ်လုနီးပါးဖြစ်သွားသည်။ ကျေးဇူးတင်ဖို့ကောင်းအောင် သူမ ထိန်းချုပ်လိုက်နိုင်လို့သာပေါ့။

“အင်…… ငါက အဲ့တာကို ရောင်နေပြီလို့ သတ်မှတ်လိုက်ပါ့မယ်။" သူမ ညင်သာစွာပင် ပြောလိုက်သည်။ သခင်မXuနှင့်  Han Yuqi မှာ ထိုစကားများကြောင့် သက်သာသွားပြီး စိတ်အေးသွားသည်။ သို့သော် Han Yunxi မှ ဆက်ပြောလိုက်သည်။

“ဒါက အထက်လူကြီးကို စော်ကားတဲ့ ကိစ္စကို ရှင်းပြီးသွားပြီ။ ဒါပေမယ့် ဒီဝမ်ဖေးကို ခြိမ်းခြောက်တဲ့ပြစ်မှုက……….” သူမ စကားဆုံးအောင် မပြောတော့ပဲ အရာရှိ  Ouyang အား ကြည့်လိုက်သည်။

ဘာ!!!

သူက ဒီလောက်အထိ ရိုက်နှက်ခံထားရတာတောင် သူမ အပြစ်တင်နေတုန်းလား။ အခုသူမက  ခြိမ်းခြောက်တဲ့ ပြစ်မှုအတွက် ပြောလာပြန်ပြီ။ အရာရှိOuyang မှာ ကိစ္စရပ်များ အပြောင်းအလဲကြောင့် အံ့သြတကြီးဖြစ်နေပြီး နှလုံးခုန်မြန်လာသည်။ ဒီအမျိုးသမီးက ဒီလောက်အထိ ကိုင်တွယ်ရခက်မယ်လို့ သူက မထင်ထားမိခဲ့ဘူး။ သခင်မXuနှင့် Han Yuqi နှစ်ယောက်စလုံး ငေးကြောင်နေပြီး အရင်ဆုံး သတိဝင်လာကြသည်။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ Han Yunxi က ဘာလုပ်ချင်နေတာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now