အခန်း(၁၄၁)

1.6K 166 26
                                    

အခန်း(၁၄၁)

အခွင့်အရေးယူခံလိုက်ရသော Han Yunxi  ။




Han Yunxi မှ သူ၏ အကြောင်း မေးမြန်းလာချိန်တွင် Gu Qishao မှာ စိတ်ရှုပ်တွေဝေစွာ နှုတ်ခမ်းသပ်လိုက်သည်။ သူက ချက်ချင်း တုံ့ပြန်မလာတော့ပဲ နွေးထွေးသောထိုင်ခုံတွင် ကိုယ်တစ်ပိုင်းလှဲချလိုက်သည်။ လက်တစ်ဖက်က သူ၏ ဦးခေါင်းအား ထောက်ထားပြီး သူမအား စိတ်ဝင်တစား ကြည့်နေသည်။

ဒီ ကောင် ဘာလုပ်နေပြန်တာလဲ။

Han Yunxi မှာ တစ်ဖက်တွင် ဗီတိုလေးအား မှီပြီး မျက်ခုံးကျုံ့ကာ လက်ပိုက်၍ ကြည့်နေသည်။ မမျှော်လင့်စွာပဲ Gu Qishao မှာ သူ၏ စွဲမက်ဖွယ်ကောင်းသော မျက်လုံးများက တစ်ဖျတ်ဖျတ်ခတ်နေကာ သူမအား ကြည့်နေသည်။ သူ၏ ရှည်လျားသော မျက်တောင်များက အပြစ်ကင်းစင်စွာ လှုပ်ခတ်နေသည်။ သူ၏ အသွင်အပြင်မှာ အရိုးတွင်းမှပင် တင့်တယ်လွန်းသည်။

ဒီ စိတ်ရှုပ်ဖို့ကောင်းတဲ့ လူရမ်းကားကောင်ကတော့...

Han Yunxi မှာ အကြည့်လွှဲနိုင်ရန် ခက်ခဲသွားသည်။ သူမက ထိုမြင်ကွင်းမှ ပြုစားခံရခြင်းမှ ကပ်သီးလေး ရှောင်ဖယ်ကာ ကံကောင်းစွာဖြင့် အခြားတစ်ဖက်သို့ တည်ငြိမ်စွာ လှည့်လိုက်နိုင်သည်။ သူမက လက်ဖက်ရည်ခွက်အား ကောက်ကာ သူ့ထံသို့ ပစ်လိုက်သည်။ စိတ်မကောင်းစွာပဲ သူ လက်ဖြင့် ဖမ်းလိုက်သည်။

“တိတိကျကျ ရှင်လိုချင်တာလဲ။"

ဒီ အပေအတေကောင်…

Han Yunxi မှာ ထိုသူအား ခုခံနေရင်း အရှုံးပေးရတော့မည်။ သူမ အလွန် အလွန့်ကို ပင်ပန်းနေပြီး အိပ်တာက လွဲပြီး ဘာမှ မလုပ်ချင်တော့ဘူး။

“ကိုယ့်ရဲ့ မေးခွန်းကိုဖြေ။ မင်းက ငယ်တုန်းက အသုံးမကျတဲ့အမှိုက်ဆိုပြီး ဟန်မိသားစုကလည်း အဆိပ်ပညာ နဲ့ပတ်သက်ပြီး အသိပညာမရှိဘူး။ မင်းအမေ သခင်မကြီး Tianxin  ကလည်း ဆေးပညာစွမ်းရည် မြင့်မားနိုင်ပေမယ့် အဆိပ်ပညာမှာတော့ မဟုတ်ဘူး။ မင်းက သတို့သမီး ဝေါယာဥ်ထဲ ဝင်သွားတဲ့အချိန်မှာ မင်းမျက်နှာမှာ အဆိပ်အမာရွတ်ရှိနေတယ်။ ဒါပေမယ့် မင်းက ပြန်ဆင်းလာတဲ့ အချိန်မှာ ကုသပြီးသွားပြီ။ မင်းက ဘယ်အသက်အရွယ်ကပြီး အဆိပ်တွေကို လေ့လာခဲ့တာလဲ။ မင်းက မြို့တော်က အပြင်ထွက်ဖို့ မပြောနဲ့ ဟန်အိမ်ကနေတောင် အပြင်ထွက်တာ ရှားတယ်။ဆိုတော့ မင်းကို ဘယ်သူသင်ပေးတာလဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now