အခန်း(၇၅)

1.8K 201 19
                                    

အခန်း(၇၅)

ခန့်မှန်းထားသည်ထက် ကျော်လွန်နေသောအမှန်တရား(၂)

ဘယ်လိုတောင် ခေါင်းမာတဲ့လူလဲ။

သူမ အော်လိုက်မှပဲ Han Congan က ရပ်သွားသည်။ သူက ပြန်လှည့်လာချိန်တွင် မူးဝေနေပြီး မြေပေါ်သို့ လဲကျသွားတော့သည်။

“ရှင်………..” သူမ ထိတ်လန့်တကြားဖြင့် ထောင်စောင့်အား တံခါးဖွင့်ရန် ခေါ်လိုက်သည်။ သူမ သူ့အား စစ်ဆေးပြီးမှသာ အသက်ရှူနိုင်တော့တယ်။ ကံကောင်းစွာဖြင့် Han Congan ရဲ့ ခေါင်းအိုကြီးက လုံလုံလောက်လောက်မာနေသေးတယ်။ သူက အပြင်ဒဏ်ရာပဲ ရှိပြီး ဦးနှောက်ဒဏ်ရာကြောင့် မေ့လဲသွားတာမဟုတ်ဘူး။ သူက မြေပြင်တွင် မျက်စိမှိတ်ကာ မလှုပ်မယှက် လဲနေသော်လည်း အမှန်တကယ်သတိလစ်သွားခြင်း မရှိပေ။

Han Yunxi မှ ထောင်စောင့်အား ထွက်သွားရန် အချက်ပြလိုက်ပြီး သူ၏ ဘေးတွင် ထိုင်ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူမက သူ၏ တောင်းဆိုချက်များအား လက်ခံပြီးဖြစ်တာကြောင့် မေးခွန်းများထပ်မမေးခင် သူအနားယူပြီးအောင် စောင့်ရတော့မယ်။ Han Congan မှာ ပြင်းထန်သည့် အခြေအနေမဟုတ်သော်လည်း သူက အမှန်တကယ် မူးဝေနေသည်။ အဆုံးတော့ သူက အကျဥ်းထောင်ထဲမှာ နေ့ညပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသည်လေ။

Han Yunxi က သူ့ဘေးတွင် စိတ်ရှည်စွာ ထိုင်စောင့်ရင်း သခင်မကြီးTianxin နဲ့ Han Congan ကြားက ဆက်ဆံရေးကို အဖြေရှာဖို့ ကြိုးစားနေလိုက်တယ်။

သူမ ​အဖေအရင်းက ဘယ်သူလဲ။ သခင်မကြီး Tianxin ကကော သူမ ကွယ်လွန်တဲ့ အထိ  မကျေမနပ်ဖြစ်ခဲ့လား

Han Yunxi က စိတ်ရှည်ထားပေမယ့်  Han Congan မှာတော့ စိုးရိမ်စိတ်များ ကြီးထွားလာသည်။ သူက မူးဝေနေသော်လည်း မနေနိုင်တော့ပဲ မေးလိုက်သည်။ “Han Yunxi မင်း တကယ်လက်ခံတာလား။"

Han Yunxi မှာ အေးစက်စွာ စိုက်ကြည့်လိုက်ပြီး နှုတ်ခမ်းများမှာ မထီမဲ့မြင် တွန့်ကွေးသွားသည်။ “ ရှင်က အခု အမှန်တရားကို ပြောလို့ရပြီလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now