အခန်း(၉၆)

1.6K 162 0
                                    

အခန်း(၉၆)

ကတိ။ ဆယ်ရက်ကြာပြီးနောက်။


မဒမ်Li၏ မသက်မသာ အမူအရာအားမြင်လျှင် Han Yunxi မှာ သံသယများပို၍ တိုးပွားလာသည်။ သူမက အမြန်လှည့်ကြည့်လိုက်လို့ မဒမ်Liက လန့်သွားတာလား။ ဒါမှမဟုတ် သူမ(မဒမ်Li)က နှလုံးသားထဲမှာ နတ်ဆိုးကို ဖုံးကွယ်ထားတာလား။

“ဘာမှ မဟုတ်ဘူး။ ဒီမှာ ဆေးပစ္စည်းတွေ တော်တော်များတာပဲ။" Han Yunxi မှ ပြုံးကာ ရှေ့ဆက်လျှောက်လိုက်သည်။

Han Yunxi မှ နောက်လှည့်သွားသည်နှင့် မဒမ်Li မှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ အဆိပ်သိမ်းခဲ့သည့် အံဆွဲများဖွင့်ကြည့်ခြင်းနှင့် သူမ(Han  Yunxi)၏ နှေးကွေးသည့်လှုပ်ရှားမှုများအား သူမ အလွတ်မပေးခဲ့ပေ။ မြွေတစ်သောင်းအဆိပ်ကို ဖြေနိုင်တဲ့သူက အဆိပ်ရဲ့ ပါဝင်ပစ္စည်းတွေကိုလည်း သိတာသဘာဝကျတယ်။ Han Yunxi က တစ်ခုခုကို သံသယဝင်နေတာလား။

အဆိပ်တွေ အကုန်လုံးက ရှင်းလင်းပြီးသွားပြီ။ Han Yunxi က အခန်းထဲမှာရှိတဲ့ အံဆွဲတိုင်းကိုဖွင့်ကြည့်ရင်တောင် ဘာမှတွေ့မှာ မဟုတ်ဘူး။ Han Yunxi က သူမကို သံသယဝင်နေရင်တောင် အဆုံးကျရင် လက်လျှော့လိုက်ရလိမ့်မယ်။ တတိယမဒမ်မှာ တတိယမဒမ်သာဖြစ်ပြီး လျင်မြန်စွာ တည်ငြိမ်သွားသည်။ သူမ Han Yunxi နောက် ဆက်လိုက်သွားလိုက်သည်။ ဒီတစ်ကြိမ်တော့ သူမ မြွေဆိပ်ရှိနေသည့် အံဆွဲအား ချက်ချင်းမဖွင့်ပဲ အခြားအံဆွဲများအား အရင်ဖွင့်လိုက်သည်။ သူမက အဆိပ်အံဆွဲအား နောက်ဆုံးမှဖွင့်လိုက်ပြီး မြွေဆိပ်အား မတွေ့ရပဲ ဆေးပစ္စည်းများသာ တွေ့လိုက်ရသည်။

“တတိယမဒမ် ဒီပစ္စည်းတွေ အကုန်လုံးက စျေးကြီးတယ်နော်။" Han Yunxi မှ အပြုံးဖြင့် ကျီစယ်လိုက်သည်။

“လေးစားရတဲ့ဝမ်ဖေးက နောက်နေပါပြီ။ ကျွန်မပစ္စည်းအများကြီး ရှိနေမဟုတ်ပါဘူး။ အဲ့ဒီပစ္စည်းတွေက ရှားလဲမရှားဘူးလေ။ တကယ်လို့ ဆေးပစ္စည်းတွေ အကြောင်းဆိုရင် ဝမ်ဖေးက ဟန်မိသားစု ဆေးပေးခန်းကို သွားကြည့်သင့်တယ်။ အဲ့ဒီက ပစ္စည်းတွေကမှ အမှန်တကယ် ရှားပါးလွန်းပါတယ်။ တကယ်လို့ လေးစားရတဲ့ဝမ်ဖေးက စိတ်ဝင်စားရင် ကျွန်မတို့က အဖော်ပြုလိုက်ကြည့်ပေးနိုင်ပါတယ်။"  တတိယမဒမ်မှာ သက်ရောက်မှု မရှိသကဲ့သို့ ပြုံးနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now