အခန်း(၁၄၆)

1.4K 144 4
                                    

အခန်း(၁၄၆)

ဧကရာဇ်နှင့် အပေးအယူလုပ်ခဲ့သည့် ကိစ္စ။


Han Yunxi မှာ တစ်နေကုန် အပြင်မှာ နေပြီးနောက် အိမ်ပြန်ရောက်သည်နှင့် ကြင်ယာတော်ကြီးYi ထံမှ ဆင့်ခေါ်ခြင်းခံလိုက်ရသည်။ ကြင်ယာတော်ကြီးYi ၏ အဆိပ်အတွက် သူမက အပ်စိုက်ခြင်းနှင်moxibustion  အား နှစ်ကြိမ်တိုင် လုပ်ပြီးသွားပြီး ယခုတစ်ကြိမ်မှာ နောက်ဆုံးအကြိမ် ဖြစ်သည်။ [ Moxibustion--အနံ့မွှေးတဲ့ အပင်တွေက အရွက်ကို အပူပေးပြီး အရေပြားနားမှာ လောင်ကျွမ်းစေတဲ့ တရုတ် တိုင်းရင်းကုထုံးပါတဲ့။ မြန်မာလို ဘယ်လိုခေါ်လဲမသိ... သိရင် ပြောကြပါဦး]  ကြင်ယာတော်ကြီးYiမှာ သူမအသက်အား အမှန်တကယ်ပင် တန်ဖိုးထားသူဖြစ်ပြီး ကုသမှုနှင့် ပတ်သက်၍ ဂရုမစိုက်ပဲ မနေရဲချေ။

Murong Wanru မှာ သူမအခန်းတွင် ပိတ်ကာ အပြစ်ပေးခံထားရခြင်းကြောင့် Han Yunxi မှ ကြင်ယာတော်ကြီးYi အား တွေ့ဆုံရန် လာချိန်တိုင်းတွင် တိတ်ဆိတ်နေသည်။ သူမက လွဲချော်မှု မရှိပဲ စကားအနည်းငယ်ပြောနိုင်ပြီဖြစ်သည်။ ယခုအချိန်တွင် ကြင်ယာတော်ကြီးYi မှာ ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး  Han Yunxi မှာ သူမဘေးတွင် ထိုင်နေသည်။  Han Yunxi မှာ သူမရင်ထဲတွင် ပြောစရာများစွာ ရှိနေသော်လည်း လျင်မြန်စွာပင် ပညာရှင်စိတ်သွင်းကာ အပ်အား ကောက်လိုက်ပြီး အလုပ်စလိုက်သည်။ အချို့သော ဆရာဝန်များမှာ လူနာနှင့် စကားပြောခြင်းအား နှစ်ခြိုက်ကြသော်လည်း  Han Yunxi မှာ ထိုသို့ မဟုတ်ပေ။ မည်သည့် အခြေအနေမျိုးဖြစ်ဖြစ် ကုသရန် ခက်ခဲသည်ဖြစ်စေ အလွန်အမင်း ရိုးရှင်းသည်ဖြစ်စေ သူမက အလေးအနက်ထား အာရုံစိုက်သူဖြစ်သည်။ သူမ၏ အမူအရာကပင် ဆေးကောင်းတစ်လက်ဖြစ်ပြီး သူမလူနာများအား တည်ငြိမ်ကာ စိတ်သက်သာရာရစေသည်။

တစ်နာရီလောက် ကြာပြီးချိန်တွင်  Han Yunxi မှာ အပ်များ တစ်ချောင်းချင်း ပြန်နုတ်ကာ စကားစလိုက်သည်။ “မူဖေး... မူဖေး ကိုယ်ထဲက အဆိပ်တွေ အကုန် နှံ့နှံ့စပ်စပ် ဖယ်ရှားပြီးပါပြီ။ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် စိတ်အေးအေးထားလို့ရပါတယ်။"

ကြင်ယာတော်ကြီးYi မှာ ခေါင်းငြိမ့်လိုက်သည်။ သူမက စိတ်အနှောင့်အယှက်မဖြစ်ပဲ အေးဆေးနေဟန် ရှိသော်လည်း ရင်ထဲတွင် ဝမ်းသာပျော်ရွှင်နေသည်။ နောက်ဆုံးတော့သူမ ခန္ဓာကိုယ်အတွက် ပူပန်နေရတာကို ရပ်လိုက်လို့ရပြီ။ သူမက တည်ငြိမ်နေသည်အားမြင်လျှင်  Han Yunxi ၏ မျက်လုံးများတွင် ဥာဏ်များမှုအနည်းက ဖျတ်ခနဲလတ်သွားကာ စကားစလိုက်သည်။ “ တကယ်တော့ အပ်စိုက်တာနဲ့  moxibustion နှစ်ခုစလုံးက အကျိုးများတဲ့ အရာတွေပါ။ သူတို့က အဆိပ်လဲ ဖယ်ရှားပေးနိုင်သလို အရေပြားကိုလည်း အားဖြည့်ပေးပါတယ်။ မူဖေးရဲ့ အသက်အရွယ်ရောက်လာရင် ခန္ဓာကိုယ်မှာ အဆိပ်အတောက်တွင် စုလာတာ ရှောင်လွှဲလို့ မရပါဘူး။ အဲ့တာတွေက သေတဲ့အထိ မဖြစ်နိုင်ပေမယ့် အရေပြားအောက်မှာ စုပုံလာရင် အရေပြားက ညှိုးနွမ်းလာပြီး အစက်အပြောက်တွေ ဖြစ်လာနိုင်တယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now