အခန်း(၁၂၀)

1.6K 158 8
                                    

အခန်း(၁၂၀)

အန္တရာယ်။ ချည်မျှင်လေးနှင့်သာ တွယ်ဆက်ထားသော ပေါင်တစ်ထောင် အလေးချိန်။

တင်းမာသော ချည်မျှင်များ ပြတ်ထွက်သွားပြီး Han Yunxi နှင့် Gu Qishao တို့၏ အာရုံအား ဆွဲဆောင်သွားသည်။ဒါက ဘယ်လိုဖြစ်သွားတာလဲ။ မဟုတ်မှ……..

“ဒီအဆိပ်ခြင်တွေက ပင့်ကူချည်တွေနဲ့ သဘာဝရန်သူပဲ။ အဆိပ်သတ္တဝါတွေက အချင်းချင်း သတိထားတတ်ကြတယ်။" Gu Qishao မှာ Han Yunxi အား တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ခြင်အုပ်ထဲတွင် လှည့်ပတ်ကာ ရယ်မောနေသည်။ ယခင်က သူက မည်သည့်အဆိပ်သုံးခဲ့သည်အား မရှင်းလင်းသော်လည်း အင်းဆက်များ အားလုံးမှာ ကြောက်ရွံ့နေပြီး အများအပြားမှာ သူ၏ ခြေထောက်အောက်သို့ ပြုတ်ကျသေဆုံးသွားကြသည်။

Han Yunxi ၏ ဒေါ့ဒေါ့ဒေါ့ အချက်ပေးသံများမှာလည်း သူမ ခေါင်းထဲတွင် ရပ်တန့်သွားခြင်း မရှိပေ။ တစ်ခုမှာ အဆိပ်ခြင်များအား မြှားခေါ်ခဲ့သော သူမအဆိပ်ဖြစ်ပြီး နောက်တစ်ခုမှာ အဆိပ်လက်နက်ပုန်းများဖြစ်ကာ နောက်ဆုံးတစ်ခုမှာ လေထဲတွင် ပျံ့ကျဲနေသော Gu Qishao ၏ ပစ္စည်းများဖြစ်သည်။ Gu Qishao ၏ အဆိပ်ခြင်များအား မကြောက်ရသည့် အကြောင်းအရင်းမှာ သူကအဆိပ်အား အဆိပ်ဖြင့် တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်သောကြောင့် ဖြစ်နိုင်သည်။

ခြင်အုပ်က ပျံ့ကျဲသွားသည်နှင့်တစ်ပြိုက်နက် Gu Qishao မှာ Han Yunxi အား ဆုပ်ကိုင်ထားကာ ထွက်ပြေးသွားပြီး မျက်နှာဖုံးစွပ်အမျိုးသား၊ Qingyi နှင့် ကျန်လူများမှာ နောက်မှ အပူတပြင်းလိုက်လာကြသည်။  Gu Qishao မှာ ခြင်များမှ ၎င်းတို့ ကျေနပ်သည်အထိ ကိုက်ခဲနေခြင်းနှင့် ယှဉ်လိုက်လျှင် မျက်နှာဖုံးစွပ်အမျိုးသား၏ လက်နက်ပုန်းများအား ပို၍ အာရုံစိုက်ကာ ရှောင်တိမ်းနေသည်။ သူတို့က တောအုပ်ထဲ ဝင်နိုင်လိုက်သည်နှင့် လက်နက်ပုန်းများအား တားဆီးလိုက်သလို ဖြစ်သွားပြီး လျင်မြန်စွာ လွတ်မြောက်လာနိုင်သည်။

Gu Qishao မှာ အလွန်လျင်မြန်လှသော အရှိန်ဖြင့် သွားလာနေသည်။ သူ၏ ပွေ့ဖက်ထားမှုထဲတွင် Han Yunxi မှာ သူ၏ ပြင်းထန်ကာ လျင်မြန်သော နှလုံးခုန်သံများပင် ကြားနေရသည်။ သူမက ဤကဲ့သို နူးညံ့ပြီး တင့်တယ်လှစွာ ဆွဲဆောင်မှုရှိသော အမျိုးသားမှာ ပြင်းထန်သော နှလုံးသားရှိမည်ဟု မထင်မှတ်ထားခဲ့ပေ။ Gu Qishao ၏ အရှိန်မှာ အလွန်လျင်မြန်သော်လည်း မျက်နှာဖုံးစွပ်အမျိုးသား၏ အရှိန်မှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်မြန်လှသည်။ အကယ်၍ သူတို့ ယခင်တည်းက ခေါင်းတစ်လုံးစာ ပို၍ အခွင့်အရေးယူမထားခဲ့လျှင် သူက သူတို့ အားကြာမြင့်စွာကပင် ဖမ်းမိလောက်ပြီဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now