အခန်း(၈၁)

1.6K 165 0
                                    

အခန်း(၈၁)

သတ္တိရှိရင် လုယူလိုက်။



Helian Zuixiang က အော်ဟစ်နေသော်လည်း မြေပြင်တွင် ကွေးနေသောကလေးမှာ တုံ့ပြန်မှုမရှိတော့ချေ။ သူက အအေးဒဏ်ကြောင့် သတိလစ်သွားလောက်ပြီ ဆိုတာ Han Yunxi မှ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။ ကလေးမှ လှုပ်ရှားမှုမရှိတော့ဘူး ဆိုသည့်အဓိပ္ပါယ်မှာ အခြေအနေက ဆိုးရွားလာခြင်းကို ပြနေတာဖြစ်သည်။ သူမ စိုးရိမ်လာသည်။

Chen Xiang လေး .....အာ.... Chen Xiang လေး အကူအညီက ဘယ်တော့ရောက်မှာလဲ။

Han Yunxi မှာ ဟန်ပြသက်သက် ဝမ်ဖေးသာဖြစ်သည်။သို့တိုင် သူမက မင်းသမီးChangping နှင့် Mu Liuyue တို့ကဲ့သို့ ရင်ဆိုင်ရန် မစွမ်းသာသော်လည်း သူမက တရားရုံးတော်သာမက Han Yuqi မှ အလွန်အမင်းယုံကြည်ထားသော ရာဇဝတ်ရုံးအား လှုပ်ရှားစေနိုင်ရန်တော့ တတ်နိုင်သေးသည်။ ဒီ ရူးနှမ်းမောက်မာ နေတဲ့ Han Yuqi က သင်ခန်းစာပေးနိုင်ဖို့ပဲလိုတာ။

သားဖြစ်သူထံမှ တုံ့ပြန်မှု မတွေ့ရလျှင် Helian Zuixiang မှာ ရူးမတတ်ဖြစ်သွားသည်။ သူမ Han Yuqi၏ ခြေထောက်နားသို တွားသွားလိုက်ကာ မျက်ရည်များကျနေရင်း "အကြီးဆုံးသခင်လေး သိုလှောင်ရုံသော့က တကယ်ပဲ ကျွန်မ လက်ထဲမှာ မဟုတ်ပါဘူး။ ကျွန်မ တောင်းပန်ပါတယ်။ လွှတ်ပေးပါ။"

"အကြီးဆုံးသခင်လေး ဘယ်လိုပဲဖြစ်ဖြစ် Yunyi က ညီလေးပဲလေ။ သခင်ကြီးကိုယ်စား သူ့ကို သက်ညှာပေးပါ ။ တောင်းပန်ပါတယ်။"

"အကြီးဆုံး သခင်လေး တောင်းပန်ပါတယ်။......."

Han Yunxi က သည်းခံပြီး ဆက်မကြည့်နိုင်တော့ဘူး။ သူမ တားဆီးရန် ပြင်လိုက်ဆင်မှာပင် Han Yuqi မှ Helian Zuixiang အား ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။ " ခင်များက ဒီလိုပြောတိုင်း ကျုပ်က ယုံပေးရမှာလား။ တစ်ယောက်ယောက် လာစမ်း။ ဒီသခင်လေးအတွက် အဝတ်ချွတ် ရှာပေးစမ်း။"

ဘာ!!!!

ထိုစကားများကြောင့် Helian Zuixiang မှာ ထိတ်လန့်စွာ ကွေးညွှတ်သွားပြီး Han Yunxi မှာလည်း စကားမဆိုတော့ပဲ လမ်းပိတ်ထားသော အစေခံများအား တွန်းဖယ်ကာ ထိုအမျိုးသမီးရှေ့သို့ လျင်မြန်စွာ သွားလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now