အခန်း(၂)

3.3K 257 0
                                    

အခန်း(၂)

အရှက်မရှိဘူး၊မနက်ဖြန်မှပြန်လာ။

ဒီနေ့ဟာ သူမရဲ့ မင်္ဂလာနေ့ဖြစ်ပြီး ဒီအမျိူးသမီးဟာ လမ်းမပေါ်မှာ အမလေး လို့အော်နေတယ်။
ဒါရည်ရွယ်ချက် ရှိရှိလုပ်တာပဲ။

 Han Yunxi က ပြတင်းပေါက်လိုက်ကာတွေကိုဖွင့်ပြီး ဘာကိစ္စတွေဖြစ်နေလဲ ကြည့်ရန်ပြင်လိုက်သော်လည်း သေချာစဥ်းစားပြီးနောက်လိုက်ကာ မဖွင့် တော့ပဲထားလိုက်လေတယ်။ သတို့သမီးအသစ်လေးက ခင်ပွန်းနဲ့ မတွေ့ခင် လူကြားထဲမှာ မျက်နှာပြတာက ထုံးတမ်းများနှင့်မညီပေ။ သူမသာ ဒီလိုလုပ်ခဲ့ရင် ရှေးလူတွေရဲ့ တံတွေးခွက်ထဲ မျောသွားလိမ့်မယ်။ ဒါကြောင့်အပြင်ကိုကြည့်မယ့်အကြံကို သူမလက်လျှော့လိုက်သည်။ ဒီရုန်းရင်းဆန်ခတ်ဖြစ်မှုကြီးက ပရိတ်သတ်ကြီးရဲ့ အာရုံကိုဆွဲဆောင်လိုက်တာအထင်အရှားပဲ။

“အိုက်ယား….မှားသွားပြီး။ငါတို့လမ်းမှားသွားပြီ! လမ်းဆုံမှာတုန်းက ငါတို့ ညာဘက်ကွေ့သင့်တာ..ဘယ်ဘက်ကို ကွေ့လာမိတယ်"  သတို့သမီး ပို့ဆောင်သည့်အမျိုးသမီး မှာငိုမတတ်ဖြစ်နေသည်။

“ ငါက ကြီးကြီးမားမားတစ်ခုခု ဖြစ်တာလားလို့… ဒီလမ်းကလဲ ချင်ဝမ်အိမ်တော်ကို ရောက်တာပဲလေ"

“ဟုတ်ပ၊ ဟုတ်ပ၊ အဒေါ် ဝမ် တို့ကတော့ အမြဲတမ်းကို ခေါင်းရှုပ်နေတာပဲ။မင်္ဂလာနေ့မှာဘာလို့ ကံဆိုးစေတဲ့ စကားတွေ ပြောနေရတာလဲ။ အဒေါ်ကပဲ ကျွန်တော်တို့ကို ဘယ်ဘက်က ခေါ်လာတာလေဗျာ။"

ဝေါယာဥ်က အထမ်းသမားများက ပြန်ပြောသောအခါ အဒေါ်ကြီးဝမ်မှာ “ ငါ့ခေါင်းတွေလဲရှုပ်နေတာပဲ။ ဒါကသတင်းဆိုးဟဲ့။ ဒီလမ်းကနေဆို နောက်ထပ်နှစ်နာရီ လောက်ထပ်သွားရမှာ။ အာတာဆို သတို့သမီး မင်္ဂလာအချိန်လွတ်သွားလိမ့်မယ်။"

ဒီစကားတွေကို ကြားလိုက်ရချိန်မှာ တော့ တစ်ဖွဲ့လုံး တိတ်ဆိတ်သွားတော့သည်။

 မင်္ဂလာအချိန်မှာ ရှေးလူတွေသာမက ယနေ့ခေတ်လူများပင် အလေးအနက်ထားကြသည်။ ဝေါယာဥ် အထမ်းသမားများက “ ဒါဆို ကျွန်တော်တို့ ပြန်လှည့်သင့်လား” ဟု မေးလိုက်ရာ

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now