အခန်း(၈၉)

1.6K 145 4
                                    

အခန်း(၈၉)

မဒမ်Li၏ လျှို့ဝှက်ချက်များ။

 
 

သူမ အမေရဲ့ ခက်ထန်လာမှုအားမြင်လျှင်  Han Ruoxue မှာ အလျင်စလို ဖြေရှင်းလိုက်သည်။ “Han Yunxi က စစ်သူကြီးငယ်ရဲ့ ရောဂါကုပေးတာမဟုတ်ပဲ အဆိပ်ဖြေပေးခဲ့တာလို့ Mu Liuyue  ကတော့ ပြောတာပဲ။"

ထိုစကားများမှာ မဒမ်Li ၏ လက်သီးဆုတ်အား ပို၍တင်းကျပ်သွားစေသည်။  သို့တိုင် သူမက စကား မဆိုသေးပေ။

“ စစ်သူကြီးငယ်က အဆိပ်ပါတဲ့ဓါးနဲ့ လုပ်ကြံသူဆီက ချောင်းမြောင်းတိုက်ခိုက်ခံရတာ။ Han Yunxi ကအဆိပ် ဘယ်လို ဖြေပေးရမလဲ သိနေပြီး သူ့ဆီမှာ နောက်ထပ် နှေးကွေးအဆိပ်တစ်ခုရှိနေမယ်လို့ ဘယ်သူထင်မှာလဲ။ ကံကောင်းချင်တော့ Han Yunxi က အဲ့တာပါ ရှာတွေ့သွားပြီး ကုလိုက်နိုင်တယ်လေ။" Han Ruoxue မှ ရှင်းပြလိုက်သည်။

ထိုစကားများကြောင့် မဒမ်Li  ၏ လက်သီးဆုတ်မှာ ပြေလျော့သွားသည်။ သူမက လုံးဝစကားမပြောနိုင်ဖြစ်သွားပြီး မျက်လုံးမှာပါ ဗလာသက်သက်ဖြစ်သွားကာ သတိလစ်သွားသယောင် ဖြစ်သွားသည်။ ထိတ်လန့်သွားသော Han Ruoxue မှာ အလျင်စလိုပင် ကူညီပေးလိုက်ရသည်။  “ အမေ ဘာမှားလို့လဲ။ နေမကောင်းဘူးလား။"

မဒမ်Li မှာ ထိုအခါမှ သတိဝင်လာပြီး သူမ အမူအရာမှာ တင်းမာနေသည်။ သူမက ခေါင်းယမ်းလိုက်ပြီး “ မဟုတ်ဘူး။ ဘာမှမဖြစ်ဘူး။ … အမေ့အတွက် ရေနွေးလေးတစ်ခွက်လောက်သာ ငှဲ့ပေး။"

Han Ruoxue မှ အလျင်စလို ရေနွေးငှဲ့ လိုက်ပြီး မဒမ်Li မှာ သူမကိုယ်သူမ တည်ငြိမ်လာစေရန် အသက်ရှူထုတ်လိုက်သည်။ မဒမ်Li  မှာ Han Ruoxue ၏ နောက်ကျောအား မှုန်သုန်စွာကြည့်ပြီး မသေချာမရေရာစွာဖြင့် နောက်ဆုံးတွင် မေးလိုက်သည်။ “Han Yunxi က နှေးကွေးအဆိပ်ရှိနေတယ်ဆိုတာ ဘယ်လိုသိတာလဲ။"

“Mu Liuyue က အသေးစိတ်မပြောလို့ အဲ့တာတော့ မမေးခဲ့ရဘူး။" Han Ruoxue မှ ပြန်ဖြေလိုက်သည်။

“စစ်သူကြီးငယ်က ဒီလိုအဆိပ်မျိုးကို ဘယ်ကမိလာပါလိမ့် ။ အဲ့ဒီလို အဆိပ်ကအချိန်ပေး စီမံရတာ။" မဒမ်Li မှာ ထပ်မံမေးမြန်းလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now