အခန်း(၁၂၅)

1.5K 135 2
                                    

အခန်း(၁၂၅)

ချင်ဝမ်အိမ်တော်မှ အရှုပ်အထွေး။

 
အဓိက တံခါးနှင့် အနည်းငယ် ကွာဝေးသေးသော်လည်း အပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံများအား ပြတ်သွားစွာ ကြားနေရသည်။ သခင်မ Xuက တစ်ခုခု ပြောလိုက်ပြီး လူအုပ်က ထပ်မံလိုက် ပြောနေကြသည်။ အကယ်၍ Han Yunxi မှ ကြားလျှင် ကြင်ယာတော်ကြီးYi နှင့် Murong Wanru မှ လည်း ကြားမည်ဖြစ်သည်။ Han Yunxi မှာ ရင်ထဲတွင် ကမောက်ကမ ဖြစ်နေသော်လည်း သူမ နှုတ်ခမ်းမှာမူ ချောမွေ့နေဆဲဖြစ်ကာ အရိုအသေပေးလိုက်သည်။ “ မူဖေး ကံကောင်းပါစေ။"

ကြင်ယာတော်ကြီး Yi မှာ ဘာဖြစ်နေမှန်း မသိသေးပေ။ ဘဏ္ဍာထိန်းXia မှာ သတင်းပို့ရန် လာရင်း ချင်ဝမ်နှင့် လေးစားရတဲ့ဝမ်ဖေးမှ ပြန်ရောက်လာသည်အားမြင်လျှင် သူတို့အား အရင် သတင်းပို့ခြင်းဖြစ်သည်။ Han Yunxi မှာ အပြင်သို့ အလျင်စလို ထွက်လာလျှင် ကြင်ယာတော်ကြီးYi မှ မေးမြန်းရန် ပြင်လိုက်စဥ် Murong Wanru မှ အရင် ပါးစပ်ဖွင့်လာသည်။

“ ယောင်းမ အဝေးတစ်နေရာရာ သွားနေတာလား။ ကျွန်မက ဒီရက်တွေမှာ ဘာလို့ မတွေ့ရတာလဲ။ ကျွန်မက အကြိမ်ပေါင်းမနဲ ယောင်းမကို ရှာပေးမယ့် တစ်ယောက်မှ မတွေ့ကြဘူး။"

အဝေးတစ်နေရာရာ သွားတယ်…။ ကြင်ယာတော်ကြီးYi မှာ သံသယများ ပြည့်သွားသည်။ Han Yunxi က ချင်ဝမ်အိမ်တော်ရဲ့ အစိတ်အပိုင်း ဖြစ်နေပြီး သူမ( Han Yunxi) တစ်နေရာရာကို မသွားခင် သူမကို အရင်ပြောသင့်တယ်မဟုတ်ဘူးလား။

Han Yunxi က နန်းတော်ထဲမှာ မယ်တော်ကြီးကို သွားတွေ့တာတော့ မဟုတ်လောက်ဘူးမလား။

Han Yunxi က အရင်တစ်ကြိမ်က အဲ့ဒီနေ့ (T/N နန်းတော်မှာ မယ်တော်ကြီးနဲ့ ညစာစားခဲ့တဲ့နေ့ကို ညွှန်းတာရယ်။) က ပြန်လာတဲ့အချိန်ကစပြီး ကြင်ယာတော်ကြီYi မှာ ကြိုတင် စီစဥ်မှုများ ပြုလုပ်ထားပြီး  Murong Wanru အား မျက်ခြေမပြတ် စောင့်ကြည့်ထားရန် စေခိုင်းခဲ့သည်။ Murong Wanru မှာ သူမ၏ လှုပ်ရှားမှုများအား လိုက်လံ စောင့်ကြည့်နေခဲ့သည်။ သူမ ထိုနေ့က စစ်သူကြီးငယ် Mu Qingwu နှင့် ထွက်သွားပြီးနောက်ပိုင်း ပြန်မရောက်လာတော့ပေ။ Murong Wanru မှာ စစ်သူကြီးအိမ်တော်မှ ကိစ္စများအား ရှာဖွေရန် မလုပ်ဆောင်နိုင်သကဲ့သို့ လုပ်လည်းမလုပ်ဆောင်ဝံ့ပဲ သူမက ဟန်အိမ်ဘက်ကိုသာ စောင့်ကြည့်နေခဲ့သည်။ သူမက အချိန်အတော်ကြာပြီးကတည်းက အသေးစိတ်အချက်အလက်များအား သိရှိရန် လူလွှတ် စုံစမ်းပြီးသွားပြီ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now