အခန်း(၁၈၆)

1.3K 143 2
                                    

အခန်း(၁၈၆)

ငြင်းခုန်ခြင်း။ အလွန်အကျွံ တုံ့ပြန်လာခြင်း။







နောက်တစ်နေ့တွင် ဟန်မိသားစုဆေးခန်းအမှုအား တရားရုံးတော်မှ အချိန်ကျသည်နှင့် စတင်လိုက်သည်။ ၎င်းမှာ မူလတွင် ရိုးရှင်းသော လူသေစေမှုဖြစ်သော်လည်း မယ်တော်ကြီး၏ အမိန့်ဖြင့် အရာရှိ Ouyang  မှာ ဖြစ်စဥ်များအား တရားရုံးတော်တွင် ပြန်လည် စစ်ဆေးရန် ယူဆောင်လာရသည်။

အမှန်တွင် ယမန်နေ့မှ  Shuntain စီရင်စုမှ ပစ္စည်းများသည် အလွန် အသေးစိတ်ကျလှသည်။ အရာရှိ Ouyang  မှာ ကျန်ရှိနေသည့် တရားခွင်အား အဆုံးသတ်ပြီးလျှင် ကိစ္စများ ပြီးဆုံးသွားပြီဖြစ်သည်။ မယ်တော်ကြီးမှာ ဤကိစ္စအား တရားရုံးတော်သို့ မာယာများကာ ပို့ဆောင်လိုက်ခြင်းမှန်း သူက ရင်ထဲတွင် ရှင်းလင်းစွာ သိနေသည်။ သူမက ဟန်မိသားစုအား ရာဇဝတ်သား နာမည်ကပ်ပြီး Tianning မှာ ဆေးပညာလေ့ကျင့်ခွင့် ရုတ်သိမ်းချင်နေတယ်။

မကြာခင်တွင် လူတိုင်းမှာ ရောက်ရှိလာသည်။  Han Yunxi  မှာ တစ်ဖက်တွင် ထိုင်ကာ နားထောင်နေသည်။ သူမက တည်ငြိမ်စွာ ရှိနေခြင်းကြောင့် အရာရှိ Ouyang  မှာ ဖိအားများ ခံစားနေရကာ  သူ၏ စကားလုံးများအား အလွန်အမင်း ဂရုစိုက် ပြောဆိုလိုက်သည်။ သူက ပျင်းရိစွာဖြင့် ကိစ္စတစ်ခုလုံးအား ထပ်မံ ဖတ်ကြားလိုက်သည်။ Han Yunxi မှ ကန့်ကွက်လာခြင်း မရှိသည်အား မြင်မှ အဆုံးအဖြတ်အား ကြေငြာလိုက်သည်။

“သမားတော်လီက သူ့ရဲ့ဆေးညွှန်းမှာ အမှားလုပ်မိတာကို သက်သေသုံးမျိုးက ပြသနေပြီး ရလဒ် အနေနဲ့ မဒမ် Chen  ရဲ့  ယောက္ခမ က အဆိပ်ကြောင့် သေသွားရတယ်။ သမားတော်လီက လူသေစေမှု အပြစ်ကို ရှောင်လွှဲဖို့ သတ်သေသွားတယ်။ ဒါကြောင့် ရုံးတော်က သူ့ရဲ့ ပြစ်မှုကို ဆက်ပြီး တာဝန် မယူခိုင်းတော့ဘူး။"

ဤအထိ ပြောပြီးနောက် အရာရှိ Ouyang  မှာ ရပ်လိုက်သည်။ ခုနစ်ယောက်မြောက်မဒမ်မှာမူ မတရားမှုကြောင့် ငိုချမတတ်ဖြစ်နေသော်လည်း ယမန်နေ့ညက Han Yunxi  မှ သူမအား စိတ်မပူရန် ပြောထားသဖြင့် ထိန်းချုပ်ထားသည်။ ယခုအချိန်တွင် Han Yunxi  မှာ စိုးရိမ်နေမှု အရိပ်အယောင်မရှိပဲ တစ်ဖက်တွင် ထိုင်ကာ တည်ငြိမ်စွာဖြင့် အေးအေးဆေးဆေး လက်ဖက်ရည်သောက်နေသည်။ ခုနစ်ယောက်မြောက်မဒမ်မှာ သူမ၏ ရည်ရွယ်ချက်များအား မမြင်နိုင်သော်လည်း အရာရှိ Ouyang  မှာမူ မြင်ကွင်းကြောင့် တုန်လှုပ်နေသည်။ သက်သေများဖြင့် ဤအမှုမှာ ငြင်းဆန်၍ မရနိုင်ပေ။ သူ၏ နှစ်ပေါင်းများစွာ အတွေ့အကြုံမှ ဆုံးဖြတ်ရလျှင် ဤအမှုအား ပြောင်းပြန်လှန်ရန် မဖြစ်နိုင်ပေ။ သို့တိုင်အောင် Han Yunxi  ၏ ဤကဲ့သို့ တည်ငြိမ်နေမှုက အရာရှိ Ouyang  အား စိတ်မသက်မသာဖြစ်စေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now