အခန်း(၁၉၅)

1.5K 153 27
                                    

အခန်း(၁၉၅)

မင်းက ထန်မျိုးနွယ်နဲ့ ဆက်စပ်မှု ရှိနေတာလား။







Han Yunxi မှာ သူမ၏ စိုးရိမ်နေမှုများထဲတွင် နစ်မြှုပ်နေပြီး သူတို့ ပတ်ဝန်းကျင်မှ ထူးခြားနေမှုများအား သတိမထားမိပေ။ Long Feiye မှာ အချုပ်အခြာအာဏာပိုင်တစ်ယောက်ကဲ့သို့ အရာအားလုံးမှာ သူ၏ သတိပြုမှုအောက်တွင် ရှိနေဟန်ဖြင့် ထောင်လွှားစွာ မြင်းပေါ်တွင်ထိုင်နေသည်။ သူက ပတ်ဝန်းကျင်ရှိ လူအုပ်ထံမှ စူးစမ်းကြည့်ရှုနေမှုများအား ခံစားမိရဲ့လား ဆိုသည်မှာ မရှင်းလင်းပေ။

မြင်းတစ်ကောင်နှင့် လူနှစ်ယောက်မှာ မြို့တော်တွင်း လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။

လမ်းတစ်ဖက်ရှိ တည်းခိုခန်းတွင် Gu Qishao  နှင့် Mu Linger တို့မှာ ပြတင်းပေါက်နားတွင် ထိုင်နေသည်။  Gu Qishao မှာ Xie မိသားစု ရတနာ ဆေးဖက်ဝင် လက်ဖက်ပင်ငယ်အား ခိုးယူခဲ့ခြင်းကြောင့် ဆေးဝါးမြို့တော်တွင် Xie မိသားစုထံမှ နာမည်ပျက်စာရင်း သွင်းခံလိုက်ရသည်။ Mu မိသားစုမှ သူ့အား လျှို့ဝှက်စွာ ထွက်ပြေးနိုင်ရန် ကူညီပေးခဲ့ခြင်းဖြစ်သည်။ သူက ထိုင်လိုက်စဥ် မြို့တော်လမ်းများမှ လှုပ်လှုပ်ရွရွဖြစ်လာသည်အား သတိပြုမိလိုက်သည်။ Gu Qishao  အားသာ မျက်လုံးထဲတွင် ရှိသော Mu Linger အားပင်လျှင် Long Feiye  အားမြင်လျှင် အနည်းငယ် မေးမြန်းလိုက်သည်။

“Qi ကိုကို..အဲ့ဒီလူက ဘယ်သူလဲ။ သူက ကြောက်စရာကြီး။"

“အဲ့တာ မင်းမိသားစုကို လုမယ့် သူခိုးပဲ။" Gu Qishao မှာ ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။ သူနှင့် Long Feiye ၏ အမုန်းတရားမှာ ယှဥ်ပြစရာ မရှိနိုင်သော်လည်း သူက ထိုအမုန်းအား သူ၏ ဘဝထဲသို့ လွှမ်းမိုးခွင့် ပြုမည် မဟုတ်ပေ။ သူက Long Feiye နှင့် ရန်ငြိုးအား စိတ်ဆိုးဒေါသထွက်နေခြင်း မရှိပဲသာ မှတ်သားထားသည်။ သူ၏ အာရုံများအကုန်မှာ Han Yunxi ထံတွင်သာ ရောက်နေသည်။ သူ နောက်ဆုံးတစ်ကြိမ် တွေ့ခဲ့ရတုန်းကထက်စာရင် အဆိပ်ကောင်မလေးက ပိုပြီး ပိန်သွားသလိုပဲ။ သူမက အရမ်းပင်ပန်းနေပုံရပြီး သူမနဲ့Long Feiye က မြို့တော်ကို ကောင်းကောင်း ပြန်ရောက်ခဲ့ရဲ့လား။ သူတို့က အတူ ဘယ်သွားနေခဲ့တာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now