အခန်း(၈၀)

1.7K 143 0
                                    

အခန်း(၈၀)

ဟန်မိသားစု၏ စိတ်ကြီးဝင်နေသော သခင်လေး။

 


တစ်ယောက်က မေးခွန်းမမေးလျှင် မသိနိုင်သော်လည်း မေးခွန်းထုတ်လိုက်လျှင် ကြောက်ရွံ့ သွားရတော့သည်။ Han Congan မှာ မောင်းမကိုယ်လုပ်တော်များစွာရှိပြီး အကုန်ထွက်ပြေးသွားကြပြီ။ ဒုတိယ ကြင်ယာတော် သခင်မ Xu ၊ တတိယမြောက် မဒမ် Li၊ ခုနစ်ယောက်မြောက် မဒမ် Helian  တို့သာကျန်ရှိတော့သည်။

တိတိကျကျဆိုရလျှင် သခင်မXu မှာ ကိုယ်လုပ်တော်သာဖြစ်ပြီး ‘မဒမ်’ ဟုသာခေါ်သင့်သည်။ သို့သော် သခင်မ Xu  မှာ ရာဇဝတ်ရုံးတရားသူကြီး ၏ တရားဝင်ဇနီးမှ မွေးဖွားသော သမီးဖြစ်သည်။ သူမက Han Congan အား နှစ်သက်နေသောကြောင့် ဟန်မိသားစုအား လက်ထပ်ဝင်ခဲ့သည်။ သခင်မကြီးTianxin မှာ မယ်တော်ကြီး၏ အသက်ကယ်တင်ရှင် ဖြစ်သောကြောင့် သခင်မကြီးTianxin မှကွယ်လွန်သွားသည့်တိုင် သူမက တရားဝင် ဇနီးရာထူးအား မတောင်းဆိုဝံ့ပေ။ သို့ရာတွင် ရာဇဝတ်ရုံးတရားသူကြီးမှာ သမီးဖြစ်သူအား သာမာန်ကိုယ်လုပ်တော်သက်သက် မည်သို့ဖြစ်ခွင့်ပေးနိုင်မည်နည်း။ ထို့ကြောင့် Han Congan မှာ ဒုတိယကြင်ယာတော်ဟု သတ်မှတ်ကာ လူအများအား သခင်မ Xu  ဟု ခေါ်ဝေါ်စေခဲ့သည်။

ထွက်ပြေးသွားသူများမှာ လက်ဝတ်ရတနာများနှင့် အဖိုးတန်ပစ္စည်းများအား ယူဆောင်ထွက်ပြေးသွားကြသော်လည်း ကျန်ရှိနေခဲ့သူများမှာ ထိုကဲ့သို့ ငွေအား အထင်အမြင်သေးသော ဉာဏ်ကောင်းသည့် သူများဖြစ်ကြသည်။ သူတို့ပြိုင်ဆိုင်နေကြသည်မှာ ဟန်မိသားစုသိုလှောင်ရုံအတွင်းရှိ အဖိုးတန်ရှားပါးပစ္စည်းများနှင့် ဟန်မျိုးနွယ်ဆေးပညာကျမ်းဖြစ်သည်။  

လက်ပါးစေကောင်လေး၏ ရှင်းပြချက်အားကြားလျှင် Han Yunxi မှာ မျက်ခုံးကျုံ့ရန်ပင် မတတ်နိုင်တော့ပေ။ ဒီလူနည်းနည်းလေးနဲ့ သူမ ဟန်မိသားစုမြှင့်တက်လာအောင် သူမ ဘယ်လို ကူညီပေးရမှာလဲ။

သခင်မXu တွင် အကြီးဆုံး သခင်လေးတစ်ယောက်၊ တတိယမြောက်မဒမ်Li တွင် သမီးတစ်ယောက်နှင့် ခုနစ်ယောက်မြောက် မဒမ် Helianတွင် ခြောက်နှစ်အရွယ်သာ ရှိသေးသော သားတစ်ယောက်သာ ရှိသည်။ ဟန်မိသားစုကို ထိုလူတွေလက်ထဲအပ်လိုက်ရင် ပိုကျဆင်းသွားမှာ မဟုတ်ဘူးလား။ သို့ရာတွင်  Han Yunxi မှာ ထိုကိစ္စများအား စိုးရိမ်ပေးရန် အချိန်ကော စွမ်းအင်ကော မရှိချေ။ စစ်သူကြီးထံမှ ကိစ္စမှာ ပို၍ ဖိအားများနေသည်။ သူမ ရှုံးလျှင် Mu Liuyue အား မျက်နှာအနည်းငယ်ပျက်ရုံသာ ဖြစ်ရုံသော်လည်း ဝတ်ရုံချွတ်ကာ လမ်းပေါ်တွင် ပြေးရန်မှာ ကိစ္စကြီးဖြစ်သွားပြီ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Nơi câu chuyện tồn tại. Hãy khám phá bây giờ