အခန်း(၁၇၈)

1.5K 153 25
                                    

အခန်း(၁၇၈)

ဆေးဝါးမြို့တော်။







Gu Qishao  ၏ စကားများမှာ တိတ်ဆိတ်နေသော မြင်ကွင်းအား ပို၍ တိတ်ဆိတ်သွားစေသည်။ Long Feiye  မှာ အမူအရာ ကင်းမဲ့နေသေးသော်လည်း သူ့အား နားချရလွန်းလို့ စိတ်မရှည်ဖြစ်နေသည့်  Han Yunxi ထံမှ အကြည့်မလွှဲပေ။ သူမက Gu Qishao ၏ ကမ်းလှမ်းမှုအား အလေးအနက်ထားမိတော့မယ်။

သို့တိုင် Long Feiye ၏ နက်ရှိုင်းတည်ငြိမ်နေသော မျက်ဆံများကြောင့် သူမက တစ်လှမ်းပင် မလှုပ်နိုင်ချေ။ သူမက Gu Qishao  အားသာ အမြင်ကတ်စွာ လှမ်းကြည့်နိုင်သည်။ မထင်မှတ်စွာပင် ထိုသို့ အကြည့်လေးကပင် အေးစက်နေသည့် Long Feiye ၏ မျက်လုံးများအား ပို၍ အေးစက်သွားစေသည်။  Han Yunxi  မှာ လေထဲတွင် သတ်ဖြတ်ချင်သော အရိပ်အငွေ့များ ရောနှောသည်အားပင် ခံစားမိလိုက်ရသည်။ သူနှင့် သူမက နာမည်အရသာ ခင်ပွန်းနှင့်ဇနီး ဖြစ်သည်။ သို့တိုင် သူက သူမအား ထိုမယားကျင့်ဝတ်ဆိုသော အရာများအား လိုက်နာရန် ပြောဆိုထားခဲ့သော်လည်း သူမရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုတော့ မချုပ်ချယ်လောက်ဘူးမလား။ သူက ဘာလို့ ဒီလောက်တောင် အလေးအနက်ထား စိတ်ဆိုးနေရတာလဲ။

ကောင်းပြီ။ အဲ့တာဆိုလဲ သူမက ဒုက္ခမရှာတော့ဘူး။ သူမက ခြေထောက်ရှိတာပဲ။ သူတို့ထွက်သွားရင် သူမ လိုက်သွားလို့ရတာပဲ။ Gu Qishao  အား လျစ်လျူရှုကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ ဒါဆိုလဲ ကျွန်မ မသွားတော့ဘူး။ ဝမ်ရယ်က ခရီးမှာ လုံခြုံပါစေ။”

သို့တိုင်  Long Feiye  မှာ အမှန်တကယ်ပင် လက်ဆန့်တန်းပေးလာသည်။ “ အရင်တက်။ အပေးအယူကိုတော့ မင်းရဲ့ အရှင်က စဥ်းစားပြီးမှ ပြောမယ်။" ရှင်းရှင်းလင်းလင်းပင်  ထိုအကြံအား ထုတ်ခဲ့သူမှာHan Yunxi  ဖြစ်သော်လည်း သူမက လူလည်ကျခံလိုက်ရသလို ခံစားလိုက်ရသည်။

ငါမသွားလည်း ရတယ်မလား………

သူမက စိတ်ပြောင်းရန် အခွင့်အရေးပင် မရလိုက်ခင်  Long Feiye  မှာ သူမအား ပစ္စည်းတစ်ခုကဲ့သို့ ပုခုံးမှ ပေါ့ပါးစွာဆွဲကာ မြင်းပေါ်သို့တင်လိုက်သည်။ ယခင်ကအတိုင်းပင် သူမက သူ၏ ရင်ခွင်ထဲ၌ မြှုပ်သွားပြန်သည်။ သို့သော် ယခင်တစ်ကြိမ်နှင့် မတူညီသည်မှာ သူက မြင်းဇက်ကြိုးအား လက်တစ်ဖက်ဖြင့်သာ ကိုင်ထားပြီး ကျန်တစ်ဖက်ဖြင့် သူမ၏ ခါးလေးအား ရစ်ပတ်ထားသည်မှာ ဤကမ္ဘာတစ်ခုလုံးတွင် သူမအား ဤကဲ့သို့ ထွေးပွေ့နိုင်ခွင့်ရှိသူမှာ သူတစ်ယောက်တည်းသာ ဟု ကြေငြာနေသကဲ့သို့ပင်။ သူမအား အလွန်တင်းကျပ်စွာ ဆုတ်ကိုင်ထားသည်မှာ သူ၏ လက်များမှာ နွေးထွေးမှုနှင့် ကြမ်းတမ်းမှုအား ခံစားလိုက်ရသည်။ တခဏချင်းပင် သူမ တစ်ကိုယ်လုံးမှာ ကျုံ့သွားသကဲ့သို့ အရာအားလုံးအားလည်း မေ့ပျောက်သွားသည်။ Gu Qishao  မှာမူ သူတို့အား လှမ်းကြည့်လိုက်ပြီး မထီမဲ့မြင် အပြုံးတစ်ခုဖြင့် အရင်ထွက်ခွာသွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now