အခန်း(၁၃၇)

1.5K 176 18
                                    

အခန်း(၁၃၇)

ချင်ဝမ် ကိုယ်တိုင် ရောက်လာပြီ။




" ကျွန်မဘာမှ မသိဘူး။ တစ်ခုမှ မသိဘူး။ ဟင့်.....ဟင့်... အမေဘာလို့ အဲ့ဒီလိုလုပ်တာလဲ။"

"လက်ဖက်ခြောက်တွေကို အမေက လက်ဆောင်ပေးဖို့ ပြောခဲ့တာ။ ကျွန်မက... ဘာမှ မသိရဘူး... ကျွန်မကို လွှတ်ပေးပါ......."

"အမေ ဘာလို့ အဲ့ဒီလို လုပ်တာလဲ။ ဘာလို့လဲ။"

Han Ruoxue မှာ ပြန်လည် မတိုက်ခိုက်ရဲပေ။ သူမ ကရှောင်ရှားနေရင်း ကလေးတစ်ယောက်ကဲ့သို့ ငိုယိုနေသည်။ Mu Liuyue မှာ ကြွက်စုတ်တစ်ကောင်ကဲ့သို့ လုံးဝပြောင်းလဲသွားပြီး Han Ruoxue ၏ အဝတ်အစားများအား ကုတ်ခြစ် ရိုက်နှက်နေပြီး အနားရှိ လူများမှာလည်း နောက်သို့ ဆုတ်သွားကြသည်။ သို့သော် ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်တွင် မဒမ်Li မှာ Mu Qingwu နှင့် Chu Xifeng ၏ ကြားမှ ထွက်ပြေးသွားကာ ကြင်ယာတော်ကြီးYi အား ဖမ်းဆွဲလိုက်သည်။

"အား....." ကြင်ယာတော်ကြီးYiမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ Mu Qingwu နှင့် Chu Xifeng မှာ အလျင်စလိုလိုက်သွားကြသော်လည်း နောက်ကျသွားပြီဖြစ်သည်။ သူတို့က ကြင်ယာတော်ကြီးYi နှင့် ခြေလှမ်း အနည်းငယ်အကွာတွင် ရပ်လိုက်ရပြီး မဒမ်Li ၏ လက်များမှာ ကြင်ယာတော်ကြီးYi ၏ လည်တိုင်အား ဖိကိုင်ထားသည်။ ချွန်ထက်သော လက်သည်းများမှာ ကြင်ယာတော်ကြီးYi ၏ လည်ပင်း အရေးပြားအား ထိုးဖောက်ကာ အချိန်မရွေး အသက်နှုတ်ယူတော့မည်ဟု ထင်ရသည်။

ကြင်ယာတော်ကြီးYi မှာ အလွန်အမင်း ထိတ်လန့်ကာ မျက်နှာမှာလည်း ဖြူဖျော့လာသည်။ ပြူးကျယ်နေသော မျက်လုံးများဖြင့် တုန်ရင်နေကာ တစ်ချက်လှုပ်ရန်ပင် ကြောက်ရွံ့နေသည်။

"ဘေးဖယ်လိုက် မဟုတ်ရင် ငါက သူမကို ချက်ချင်းပဲ သတ်လိုက်မယ်။" မဒမ်Li မှ အေးစက်စွာ ပြောလိုက်သည်။ Han Yunxi က သူမကို ဖော်ထုတ်နိုင်တော့ကော ဘာလုပ်နိုင်မှာလဲ။ သူတို့က သူမကို လွယ်လွယ် ဖမ်းလို့ရမှာ မဟုတ်ဘူး။ Mu Qingwu နှင့် Chu Xifeng နှစ်ယောက်စလုံးမှာ အလျော့မပေးချင်ပဲ ဓါးအား တင်းကျပ်စွာ ဆုတ်ကိုင်ထားကြသည်။ သူတို့က ရှေ့မတိုးသလို နောက်လည်း မဆုတ်ကြပေ။ ထိုအချိန်တွင် ပုန်းအောင်းနေသော အစောင့်အကြပ်များမှလည်း ထွက်လာကာ ပတ်ဝန်းကျင်အား ဝိုင်းရံထားလိုက်ကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now