အခန်း(၁၄၇)

1.5K 158 28
                                    

အခန်း(၁၄၇)

တိတ်ဆိတ်နေခြင်း။ ဘယ်သူမှ မမေးဘူး။


ယနေ့မှာ မဒမ်Li ကွယ်လွန်သည့် လေးရက်မြောက်နေ့ဖြစ်သည်။ သူမက ဟန်မိသားစု၏ ကံတရားအား မရှင်းလင်းသော်လည်း အရာအားလုံးမှာ သင့်တင့်စွာ ဖြေရှင်းနိုင်ရန် Han Yunxi မှာ အတော်လေး ဂရုစိုက်ထားဆဲဖြစ်သည်။

Long Feiye မှ တစ်ညလုံးပြန်မလာ သကဲ့သို့ သူမက သူ့အား တစ်နေ့ကုန်လဲ မမြင်မိပေ။ Han Yunxi မှာ သူ့အား တမင် မေးမြန်းခြင်း မပြုတော့ပဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ ဟန်မိသားစုက တစ်ရက်ပိုအဆင်ပြေနေလျှင် သူမက သူ၏ ဦးဆောင်မှုနောက် တစ်ရက် ပိုလိုက်ပေးမည်ဖြစ်သည်။

ဟန်အိမ်တွင် ညစာစားပြီးနောက် Han Yunxi မှ ပြန်ရောက်လာလျှင် သူ၏ အဆောင်တွင် မီးလင်းနေသည်အား မြင်လိုက်ရသည်။ ၎င်းမှာ Long Feiye မှ ပြန်ရောက်နေသည့် လက္ခဏာပင်ဖြစ်သည်။ ဟန်မိသားစု လုံခြုံရေးအား သေချာစေသည်မှာ သူက ကတိပေးခဲ့သည်။ သို့ဖြစ်၍ သူက သူမအား ရှင်းပြသင့်သည်။အချိန်အတန်ကြာ​ တွေဝေနေပြီးနောက် သူမ ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့သာ ပြန်ခဲ့ကာ ခြံဝန်းထဲတွင် ဆေးစာအုပ် ဖတ်နေလိုက်သည်။

Zhao မားမားမှာ လက်ဖက်ရည်တစ်ခွက် ယူလာပေးပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး အရှင့်သား ပြန်ရောက်ပြီ။"

“အင်း..” Han Yunxi မှာ အမူအရာမရှိပဲ တုံ့ပြန်လိုက်သည်။

Zhao မားမားမှာ သံသယများ ကြီးထွားလာသည်။ ဒီနှစ်ရက်အတွင်း သခင်မလေးမှာ စိတ်ဓါတ်ကျနေဟန် ရှိပြီး သူမ သခင်ဖြစ်သူနှင့် တစ်ခုခု ပတ်သက်နေမည်လားဟု တွေးမိသွားသည်။ သို့သော် သူမ ( Han Yunxi ) မှာ သူမသခင်ဖြစ်သူအား ဂရုစိုက်ဟန် မတူချေ။

တစ်ချိန်တည်းမှာပင် Long Feiye မှာ သူ၏ အဆောင်အပြင်ရှိ ခြံဝန်းထဲတွင် ထိုင်ကာ ရောက်ရှိလာကာစ လျှို့ဝှက် သတင်းပို့မှုများအား ဖတ်ရှုနေသည်။ သူက ပုန်းအောင်းနေသည့် အတွင်းလူ ကိစ္စများသာမက အခြားသော ကိစ္စများဖြင့်လည်း အလုပ်ရှုပ်နေသည်။ ခေါက်ရမ်းခြံဝန်းတစ်ခုလုံးမှာ တိတ်ဆိတ်မှုက လွှမ်းခြုံထားသည်။ မကြာခင်ပင် ပါးလွှာသော နှင်းပွင့်လေးများက ကောင်းကင်မှ ကျဆင်းလာနေသည်။ ၎င်းတို့က သူ၏ အပေါ်သို့ ကျရောက်လာခြင်းအား စိတ်ကွက်ဟန် မရှိပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Donde viven las historias. Descúbrelo ahora