အခန်း(၁၇၂)

1.3K 134 8
                                    

အခန်း(၁၇၂)

ကပ်ရောဂါ။ လူထုကြားမှ စိုးရိမ်မှု။






Zhao မားမားမှ အလွန်အမင်း စိုးရိမ်နေခြင်းအားမြင်လျှင် Han Yunxi မှာ နန်းတော်တွင် တိုးတက်မှုတွေရှိလာသည်ဟု ယူဆလိုက်သည်။ သို့သော် မားမား မှာ အမောတကောဖြင့် ခေါင်းယမ်းလိုက်သည်။

Han  Yunxi  မှာ စိတ်မရှည်တော့ပေ။။ "Zhao မားမား တစ်ခုခုပြောဦး။"

Zhao မားမားမှာ အသက်ရှူကြပ်နေသည်။ " လေးစားရတဲ့ဝမ်ဖေး.. ကြင်ယာတော်ကြီး Yi …..သူမက မင်းသမီး Rongle ကို အကူအညီတောင်းဖို့ စာတစ်စောင်ရေးချင်နေတယ်။"

"ဘာ…" Han Yunxi မှာ အံ့ဩသွားပြီး သူမနားအားပင်  မယုံကြည်နိုင်ပေ။

"အမှန်ပါပဲ။ ပီအိုနီ ခြံဝန်းထဲက မားမား တစ်ယောက်က ပြောလိုက်တာ… လေးစားရတဲ့ဝမ်ဖေး၊ ကျွန်မတို့က ဒီလိုမျိုး လုပ်လို့ မဖြစ်ဘူး၊ ရှက်စရာကောင်းလွန်းတယ်။” Zhao မားမား မှာ အလွန် စိတ်ဆိုး ဒေါသထွက်နေသည်။

Han  Yunxi မှာ ပို၍ပင် ဒေါသထွက်နေကာ စကားတစ်လုံးမှ မပြောဘဲ ပီအိုနီခြံဝန်းသို့ သွားလိုက်သည်။အစေခံများပင်လျှင် ဤသည်မှာ မျက်နှာပျက်ရသည်ဟု နားလည်လျှင် ကြင်ယာတော်ကြီး Yi မှာ ရူးသွားခြင်းသာ ဖြစ်ရမည်။ သူမက ထိုကဲ့သို့သော အကြံအစည်ကို အမှန်တကယ် တွေးနေသည်။

ယောက်ျားတစ်ယောက်အနေနှင့်သာမက သာမန်အရပ်သား တစ်ဦးအနေဖြင့်ပင် အိမ်ထောင်ပြုရန် အတင်းအကျပ် ဖိအားပေးခံရခြင်းမှာ အရှက်ကွဲရခြင်းဖြစ်ကာ Long Feiye ကဲ့သို့ ထောင်လွှားသောသူဆိုလျှင် ပြောစရာပင် မလိုတော့ချေ ။ သူက အမိန့်ကို ငြင်းဆိုထားပြီးဖြစ်ပြီး ကြင်ယာတော်ကြီး Yi က မင်းသမီး Rongle နှင့် ဒီကိစ္စအား ညှိနှိုင်းနေလျှင် သူမက မျက်နှာပျက်ရဖို့  တောင်းဆိုနေတာ မဟုတ်ဘူးလား။

မင်းသမီး Rongle က ဒီသတင်းကို လူသိရှင်ကြား ကြေညာလိုက်တယ်ဆိုရင် Long Feiye သာမက Tianning ကလည်း မျက်နှာပျက်ရ လိမ့်မယ်။တစ်ယောက်ယောက်က ခြေလှမ်း ၁၀,၀၀၀ နောက်ပြန်ဆုတ်ပြီး မင်းသမီး Rongle က လက်ထပ်ဖို့ သဘောတူတယ်လို့ ယူဆလိုက်ရင်တောင် Long Feiye က သူမ စိတ်ကို လက်ခံမှာလား။ ဧကရာဇ် Tianhui ကကော သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးမှာလား။ နောက်ဆုံးမှာ စော်ကားမှုဒဏ်ကို Long Feiye ကပဲ သည်းခံရလိမ့်မယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Opowieści tętniące życiem. Odkryj je teraz