အခန်း(၂၁)

2.1K 206 4
                                    

အခန်း(၂၁)

အသုံးမကျတဲ့အမှိုက်မှ ကိုယ့်ကိုကိုယ်အတွက် ပြောဆိုခြင်း။


လုပ်ကြံတယ်။

“နေပါဦး။ ဘယ်လိုမျက်လုံးနဲ့ကြည့်လိုက်လို့ ကျွန်မက ရှင်တို့စစ်သူကြီးငယ်ကို လုပ်ကြံတယ်ထင်ရတာတုန်း။" သူမ ဒေါသတကြီးပြောလိုက်သည်။

ဒီရှေးခေတ်ကလူတွေဟာလေ သူများရဲ့ စေတနာကို မမြင်နိုင်ကြဘူး။

Li Changfeng ဟာဓါးမြှောင်ကို ကန်လိုက်ရင်း အေးစက်စက်ဖြင့် “ငါတို့အကုန်လုံး ဒီမျက်လုံးနှစ်လုံးနဲ့ သေချာမြင်တာ။ ဒီမှာ မင်းကို ဘယ်သူလွှတ်လိုက်လဲဆိုတာ ဂရုမစိုက်ဘူး။ သေဖို့ပဲ ပြင်ထားလိုက်တော့။"

သူ့သခင်မရဲ့နာမည်ကို ထုတ်ဖော်ချင်နေတဲ့ မြင်းလှည်းသမားဟာ ချုပ်နှောင်ခံလိုက်ရတာကြောင့် မသင့်တော်သေးဘူးဆိုတာ သတိထားမိသွားတယ်။ ထိုအစား သူက
 “ မှားနေပြီ။ ဒါနားလည်မှုလွဲနေတာ။ ကျွန်တော်တို့က ဒီမှာဖြတ်သွားရုံတင်။ စစ်သူကြီးကလဲနေတာတွေလို့ သခင်မလေးက ကယ်ချင်ရုံပဲ။ မကောင်းတဲ့ စိတ်မရှိပါဘူး။ တရားခံအစစ်က ထွက်ပြေးသွားတာ ကြာပါပြီ။"

Li Changfeng ဟာ သူမအား မျက်ခုံးပင့်ကြည့်ရင်း နှာခေါင်းရှုံလိုက်သည်။

“တကယ်လို့မင်းက သူ့ကိုကယ်ချင်ရင်ဘာလို့ ဓါးကိုင်ထားတာလဲ။ မင်းဘယ်သူကို အရူးလုပ်ချင်နေတာလဲ။ တစ်ယောက်ယောက်…သူ့ကို ဖမ်းလိုက်။"

“ကျွန်မသူ့ကို ဓါးသုံးပြီးကယ်ဖို့လုပ်နေတာ။ သူ့ဆီမှာ အဆိပ်တစ်ချောင်း စိုက်နေတယ်။ တကယ်လို့ ချက်ချင်းမဖယ်ရင် အကျိုးဆက်က ရှင့်လိုအစောင့်တစ်ယောက် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။" သူမ အနည်းငယ်ခြိမ်းခြောက်ရင်း လေးလေးနက်နက် ​ပြောလိုက်သည်။

Li Changfeng ဟာ အနည်းငယ် တွေဝေသွားတယ်။ လွန်ခဲ့တဲ့ လေးနာရီလောက်က စစ်သူကြီးငယ်က ရန်သူ့ အတွင်းလူနောက်ကို ဒီနားမှာလိုက်နေတာ။ ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူမှ တိတိကျကျမသိဘူး။

သူက ဓါးကိုပြန်ကြည့်လိုက်ရင်း မစွန့်စားရဲဘူး။ ဒါသူ မကိုင်တွယ်နိုင်တဲ့ ကိစ္စပဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Tempat cerita menjadi hidup. Temukan sekarang