အခန်း (၁၆၈)

1.3K 160 7
                                    

အခန်း (၁၆၈)

ဧကရီ မင်း ဘာဖြစ်နေတာလဲ။  





ဧကရီက ဘာမှားနေတာလဲ။

Han Yunxi က မေးမြန်းနေခြင်းအား ရပ်လိုက်ပြီး သူမ၏မျက်လုံးများနှင့် ချက်ချင်းရှောင်လွှဲသွားသည့် ဧကရီဘက်သို့ ကြည့်လိုက်သည်။ Long Tianmo မှာ စိုးရိမ်တကြီးဖြင့် သူမအား တစ်ဖက်တွင်ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ " မယ်တော် အဆင်ပြေရဲ့ လား။ အရမ်းပင်ပန်းနေပြီလား။"

"တစ်ယောက်ယောက်၊ တော်ဝင်သမားတော်ခေါ်လိုက်။" မယ်တော်ကြီးမှ ပြောလိုက်သည်။

သို့သော် ဧကရီက သူတို့နှစ်ယောက်စလုံးအား ရပ်တန့်လိုက်ပြီး သူမအသံမှာ တည်ငြိမ်လာသည်။ "အဆင်ပြေပါတယ်၊ မလိုပါဘူး..."

Han  Yunxi မှာ Shuang  Hong အား မယုံကြည်သလို ခံစားရနေပြီး သူမကို ပြန်လည်မေးမြန်းလိုက်သည်။ "Shuang Hong၊ သေချာစဉ်းစား။ မင်းက ဘာမှ ချန်ထားလို့ မရဘူး။"

Han  Yunxi မှာ ဘာကြောင့် ဒီမေးခွန်းတွေ မေးနေလဲဆိုခြင်းအား Shuang Hong မှာ နားမလည်နိုင်ပေ။သူမက အဖြေကို တွေးဖို့တောင် မလိုဘူး။ ထိုညတွင် မင်းသမီး Changping မှာ တစ်စုံတစ်ခုအား ယူဆောင်ပေးရန် သူမအား ပြောခဲ့ပြီး တစ်ချိန်တည်းတွင် တစ်စုံတစ်ခု ယူဆောင်သွားရန် ထပ်မံ စေခိုင်းခဲ့သည်။  အရာဝတ္ထုတစ်ခုမျှသာဖြစ်ပြီး ထိုအရာမှာ အလွန်ထူးခြားသောကြောင့် သူမက ၎င်းအား အလွန်ရှင်းလင်းစွာ မှတ်မိနေသည်။

ဧကရီမှာ Shuang Hong အား စိုက်ကြည့်ကာ တစ်ဖက်တွင် ထိုင်နေသည်။ သူမ၏အကြည့်များမှာ ပြင်းထန်လွန်းပြီး  Shuang Hong မှာ စိုက်ကြည့်ခံနေရသည်အား သတိထားမိနေသည်။ သူမက ဧကရီအား ကြောက်ရွံ့စွာ ကြည့်လိုက်ကာ ထိတ်လန့်သွားပြီး မျက်လုံးများ အမြန်လွှဲလိုက်သည်။ ယခုမူ သူမက စိတ်မသက်မသာ ခံစားလာရသည်။ ဧကရီက ဘာကြောင့် သူမကို ဒီလိုကြည့်နေတာလဲ။ ထိုအရာဖြစ်မည်လား……

Han Yunxi က အေးစက်စက်ပြောလိုက်သည့်တိုင်အောင် သူမက တုံ့ဆိုင်းနေသည်။ "Shuang Hong၊ ဒါက အရမ်း အရေးကြီးတယ်။ သေသေချာချာ စဉ်းစားကြည့်။ လိမ်ပြောလို့ စုံစမ်းမှုပြီးသွားရင်တော့…”

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now