အခန်း(၁၃၄)

1.4K 155 2
                                    

အခန်း(၁၃၄)

ယုံကြည်ချက်..အလုံးစုံအတွက် တိုက်ပွဲဝင်ခြင်း.....



မဒမ်Li ၏ ခံစားချက်များအား ထိန်းချုပ်ထားနိုင်မှုမှာ ပြိုင်ဘက်ကင်းသည်။ သို့သော် Han Ruoxue မှာမူ မတူညီပေ။ သူမ၏ အကျင့်စရိုက်နှင့်ဆိုလျှင် ဤမျှ အပူအပင် ကင်းမဲ့မနေသင့်ပေ။ Han Yunxi မှာ မျက်မှောင်ကျုတ်လိုက်သကဲ့သို့ မဒမ်Li မှာလည်း အခွင့်အရေးယူကာ စကားစလာသည်။

"Ruoxue မင်းက လေးစားရတဲ့ဝမ်ဖေးကို မဟုတ်တာမပြောသင့်ဘူး။ တကယ်လို့ လေးစားရတဲ့ဝမ်ဖေးက သဘောတူထားရင် သူမလုံးဝ စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး။"

မဒမ်Li မှာ သူမ သမီးဖြစ်သူက ယခင်ကတည်းက အလောင်းအစားအကြောင်း သိထားပြီးမှန်း မရိပ်မိချေ။ သို့သော် Han Yunxi ၏ တုံ့ပြန်မှုအား မြင်လျှင် အကယ်၍ သူမ၏ ဆုံးဖြတ်ချက်အား နှောင့်ယှက်နိုင်မည်ဆိုလျှင် သူမသမီးဖြစ်သူ၏ စကားများအား စိတ်မကွက်တော့ပေ။

ဘယ်လောက်တောင် မုန်းစရာ ကောင်းလိုက်လဲ။ သူမရဲ့ ကောက်ချက်က မှန်တာလား မှားတာလား။

ယခုအချိန်တွင် လူတိုင်းမှာ Han Yunxi အား စိုက်ကြည့်နေကြပြီး သူမှ အဖြေအား စောင့်နေကြသည်။ တစ်ချိန်တည်းမှာပဲ မဒမ်Li မှာလည်း သူမ၏ ​အဖြေအား စောင့်ကြည့်နေသည်။

Han Yunxi က ဘယ်လို ရွေးချယ်မလဲ။

ဝန်ခံမယ်.. ရှင်းပြမယ်... ဒါမှမဟုတ် ငြင်းမှာလား။

ရုတ်တရက် Han Yunxi မှာ လူအုပ်အား ကြည့်ကာ အော်ပြောလိုက်သည်။ " အမှန်ပဲ ဒီဝမ်ဖေးနဲ့ မိန်းကလေးLiuyue က အဲ့ဒီလို အလောင်းအစား ရှိတယ်။ ငါက ဒီမှာ ရှိနေတဲ့ သူတွေနဲ့ မူဖေးကို မျက်မြင် သက်သေလုပ်ပေးဖို့ မေးချင်တယ်။"

သူမစိတ်ထဲတွင် မည်မျှ မြူထူထပ်နေပါစေ သူမ၏ ကောက်ချက်နှင့် ဆုံးဖြတ်ချက်အား ခိုင်ခိုင်မာမာ ယုံကြည်ထားသည်။ သူတို့ မမှားဘူး။ အဲ့ဒီလက်ဖက်ခြောက်ဗူးက အဆိပ်ပါတယ်ဆိုတဲ့ သက်သေဆိုတာ သူမ အခိုင်အမာ ယုံကြည်တယ်။ သူမက Mu Liuyue နဲ့ အလောင်းအစား လုပ်နေတာမဟုတ်ပဲ မဒမ်Li နဲ့ သူမကိုယ်တိုင်အပေါ် အလောင်းအစား လုပ်နေတာပဲ။ သူမ ဒီလူတွေအကုန်လုံးနဲ့ သူတို့၏ မျက်နှာတွေကို စိတ်ပျက်လာပြီ။ အခုပဲ ပါးစပ်ပိတ်အောင်လုပ်လိုက်တာ ပိုကောင်းတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now