အခန်း(၆၆)

1.8K 175 2
                                    

အခန်း(၆၆)

စိုးရိမ်ခြင်း၊ အရေးကြီးသောအခိုက်အတန့်။

 
 

အသက်သွေးဆေးလုံးရပြီးတာတောင်မှ Han Yunxi က ဘာလို့စပြီး မကုသသေးတာလဲ။ လူတိုင်းက စိုးရိမ်သွားပြီး Han Yunxi မှ ရှင်းပြလိုက်သည်။

“ကျွန်မ အရမ်းပင်ပန်းနေပြီ။ အမှားမလုပ်မိအောင် နေ့လည်မှ စရအောင်။"

သူမ ခရီးတစ်ခုလုံးမှာ အလျင်အမြန်သွားလာခဲ့ရပြီး ယခု သူမ ပင်ပန်းနေပြီ။ ဒီလူတွေက သူမကို စိုးရိမ်တာမဟုတ်ဘူး။ သူမ ခန္ဓာကိုယ်ကို သူမပဲ ဂရုစိုက်ရမယ်။ ဆရာဝန်တစ်ယောက်အနေနဲ့  ကိုယ့်ကိုကိုယ် တာဝန်ယူခြင်းက လူနာကို တာဝန်ယူထားတာနဲ့ အတူတူပဲ။အသက်သွေးဆေးလုံးက လက်ထဲရှိနေရင်တောင် အဆိပ်ဖယ်တဲ့ ခွဲစိတ်မှုအသေးစားဖြစ်နေရင်တောင် ခွဲစိတ်မှုတစ်ခု ဖြစ်နေတုန်းပဲ။ သူမသာ ခွဲစိတ်နေတုန်းမှာ ဂရုမစိုက်နိုင်ရင် အကျိုးဆက်က မှန်းဆဖို့ ခက်လိမ့်မယ်။ သူမစကားများကြားလျှင် ဧကရာဇ်Taihui ၏ မျက်လုံးတွင် မကျေနပ်မှုများ ဖြတ်ပြေးသွားသော်လည်း ‘အမှားမလုပ်မိအောင်’ဆိုသည့် စကားများကြောင့် ပါးစပ်ပိတ်ကာ ခေါင်းငြိမ့်လိုက်ရသည်။

Han Yunxi မှာ အရှေ့နန်းဆောင်ရှိ အဆောင်တစ်ခုတွင် တစ်မနက်လုံး အိပ်နေခဲ့သည်။ Long Feiye မှတပါး အခြားသူများမှာ ထွက်ခွာသွားခြင်းမရှိပေ။ သူတို့က စိတ်လှုပ်ရှားနေပြီး ရွေးချယ်စရာမရှိပဲ တစ်မနက်လုံးသူမအား စောင့်နေကြသည်။ နေ့လည်မှ သူမ နိုးလာပြီး မုန့်အချို့စားကာ ခြံဝန်းသို့ ပြန်လာလိုက်သည်။ Gu Beiyue မှာ ပြင်ဆင်မှုများ ပြုလုပ်ပြီးသွားကာ သူမအား စောင့်နေသည်။ Han Yunxi မှာLong Feiye ၏ အရိပ်အယောင်အားပင် မတွေ့ရတာကြောင့် အံ့သြသွားသော်လည်း သူမ အသေးစိတ်အချက်များအား စဥ်းစားနေရန် အချိန်မရှိပေ။

“Han Yunxi မင်းအခု အဆင်ပြေသွားပြီလား။" ဧကရာဇ် Taihui မှ မေးလိုက်သည်။

“ အရှင်မင်းကြီးကို ဖြေကြားပါတယ်။ Yunxi အနည်းငယ် သက်သာလာပါပြီ။" သူမ ဦးညွှတ်လိုက်ရင်း လေးစားသောစကားလုံးများဖြင့် ပြန်ဖြေလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now