အခန်း(၇၇)

1.8K 175 0
                                    

အခန်း(၇၇)

အပြစ်တင်စိတ်။ ဘာလို့ ချင်ဝမ်ဖေးက ပုန်းနေတာလဲ။

 

သူမတို့ အောက်ထပ်သို့ ဆင်းလာလျှင် Chen Xiang လေးမှ “သခင်မလေးက ကျောက်တုံးခေါင်းဖြစ်လာနေပြီ။"

“ဘာမှားနေလို့တုန်း….” Han Yunxi မှ ပျင်းရိစွာမေးလိုက်သည်။

“သခင်မလေးက ချင်ဝမ်ဖေးလေ.. အာ့တာကို သ..သခင်မလေးက….” Chen Xiang မှာ သူမသခင်မအား ဥာဏ်ကောင်းသည်ဟု အမြဲတစေထင်မှတ်ခဲ့သော်လည်း ယခုတွင် သူမဦးနှောက်တွင် မူမမှန်သည်များ ရှိနေလားဟုထင်မိလိုက်သည်။ သူမမှာ သူမသခင်မဖြစ်သူ၏ လက်အားဆွဲရင်း နားနားတွင် တိုးကပ်ပြောလိုက်သည်။ “ သခင်မလေးက လက်ထပ်ပြီးသား မိန်းကလေးဖြစ်ရုံမကဘူး ချင်ဝမ်ရဲ့ တရားဝင်ကြင်ယာတော်လေ။ တကယ်လို့ ဒီသတင်းသာ ချင်ဝမ်ရဲ့နားရောက်သွားရင် သခင်မလေးတော့ ဒုက္ခရောက်ပြီ။"

Chen Xiang လေးမှာ အနည်းငယ် တုံးအသော်လည်း အချို့ကိစ္စများတွင် တိကျစွာထိရှလွယ်ဆဲပင်။ Han Yunxi မှာ ရွေးစရာမရှိပဲ မျက်လုံးများသာ လှိမ့်လိုက်တယ်။ သေချာပေါက် သူမ ဒီကိစ္စတွေကို နားလည်တာပေါ့၊။ သူမက ဖောက်ပြန်မှာလဲ မဟုတ်ပဲနဲ့….။ သူမက Gu Beiyue ကို ဆွေးနွေးတိုင်ပင်လို့ ရတဲ့ သူငယ်ချင်းလို့သာ သဘောထားသည်။ ထို့အပြင် သူမတို့က ပရော်ပရည်လုပ် စကားပြောပြီး အချိန်ဖြုန်းနေတာလဲမဟုတ်ဘူး။ထပ်ပေါင်းရရင် သူမနဲ့ Long Feiye က စုံတွဲဆိုတာ နာမည်သာပြီး အစစ်လဲမဟုတ်ဘူး။ Long Feiye က သူမမျက်စိရှေ့မှာပဲ သူမကို ဘေးဖယ်ထားပြီး တခြားမိန်းမကိုတောင် ပွေ့ဖက်ခဲ့သေးတယ်။

Han Yunxi မှာ Duanmu Yao နှင့် မတော်တဆအား စဥ်းစားမိတိုင်း သူမခေါင်းထဲက ထိုးစိုက်ခံထားလိုက်ရသလိုပဲ။

“ သခင်မလေး … နားလည်ရဲ့လား။"  Chen Xiang လေးမှာ စိတ်အားထက်သန်နေသည်။

“ငါက တစ်ခုခုလုပ်နေတာလဲမဟုတ်ဘူး။ သိပ်ပြီးလည်း စိုးရိမ်မနေနဲ့ ဟုတ်ပြီလား။ မင်းပြောနေတဲ့ ပုံစံက ငါက စည်းကျော်နေသလိုဖြစ်နေပြီ။" Han Yunxi မှာ သည်းမခံနိုင်တော့ဘူး။ သူမက  Gu Beiyue အား ရိုးရိုးသားသား သူငယ်ချင်းလို့ပဲ မြင်တာ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now