အခန်း(၁၆၃)

1.4K 141 4
                                    

အခန်း(၁၆၃)

ကြောက်ရွံ့ဖွယ်။ အလောင်းတစ်လောင်း ရှိနေတယ်။




Long Feiye ထံမှ စကားတစ်ခွန်းဖြင့်ပင် Duanmu Yao မှာ စိတ်ဆိုးမာန်ဆိုးဖြင့် ထထွက်သွားပြီး လိုက်လျောညီထွေကာ ပျော်ရွှင်နေဟန်ရှိသည့် မိသားစုစားပွဲမှာ လုံးဝပျက်စီးသွားတော့သည်။ တိတ်ဆိတ်မှုများအလည်တွင် ဧကရာဇ် Taihui မှာ စားပွဲအား ရိုက်ချလိုက်ပြီး ဒေါသတကြီး ထရပ်လိုက်ခြင်းကြောင့် လူတိုင်းမှာ ပို၍ ထိတ်လန့်သွားကြသည်။ မယ်တော်ကြီးနှင့်ဧကရီပင်လျှင် အသက်ရှူအောင့် လိုက်ကြသည်။

“ချင်ဝမ် ကိုယ်တော်နဲ့ လိုက်ခဲ့။" ဧကရာဇ် Taihui ၏ မျက်နှာမှာ လုံးဝပင် မည်းမှောင်နေပြီး သူ၏ လေသံမှာ အေးစက်နေသည်။ Long Feiye မှာမူ ယခင်အတိုင်း အမူအရာကင်းမဲ့ကာ ပြေပြစ်စွာ မတ်တပ်ရပ်ရင်း ဧကရာဇ် Taihui ၏ နောက်မှ လိုက်သွားသည်။ ပုံရိပ်နှစ်ခုလုံးက ပျောက်ကွယ်သွားမှလျှင် ထိုင်နေသည့်လူများမှာ တီးတိုးဝေဖန်ကြရင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။

Long Feiye မှာ အချိန်မလုံလောက်ဟု ဆင်ခြေပေးကာ Duanmu Yao  အား ငြင်းဆိုခဲ့သည်။ ၎င်းမှာ Han Yunxi နှင့် လုံးဝ မသက်ဆိုင်သော အကြောင်းအရာဖြစ်သော်လည်း သူမ၏ ‘သတင်းရှိလား။' ဆိုသည့် မေးခွန်းအား သူ၏ ဖြေဆိုလိုက်ပုံဖြင့်လျှင် သူမအား ဆွေးနွေးပွဲခေါင်းစဥ်ဖြစ်သွားရန် လုံလောက်နေပြီဖြစ်သည်။ သံသယဝင်စရာမလိုပဲ ချင်ဝမ်၏  Duanmu Yao အား ငြင်းဆန်လိုက်ခြင်းမှာ Han Yunxi အတွက် သတင်းကောင်းဖြစ်သည်။ အကယ်၍ Duanmu Yao မှာ ချင်ဝမ်အိမ်တော်အား ဝင်ရောက်လာနိုင်ခြင်းမရှိလျှင် Han Yunxi မှာ သူမ၏ ချင်ဝမ်ဖေးဆိုသည့် ပုလ္လင်အား ထိန်းသိမ်းထားနိုင်ပြီဖြစ်သည်။

“ဟီးဟီး Han Yunxi က တကယ်ကံကောင်းတာပဲ။ မယ်တော်ကြီးက သူတို့ရဲ့ မင်္ဂလာဆောင်ကို စီစဥ်ပေးတဲ့ အချိန်တုန်းက ချင်ဝမ်က ငယ်သေးတယ်။ တကယ်လို့ အဲ့ဒီလို စီစဥ်တာက အခုအချိန်ဆို သူက သူမကို လည်း ငြင်းလောက်တယ်။"

“အဲ့တာက ပြောဖို့ခက်တယ်။ နင်က အခုချင်ဝမ် ပြောသွားတာ မကြားဘူးလား။  သူက သူမကို အရင်ကတိုင်း သဘောကျတာ သိသာတယ်။ Han Yunxi က သူ့ရဲ့ ခေါက်ရမ်းခြံဝန်းမှာ နေတာလို့တောင် ငါကကြားထားတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now