အခန်း(၁၉၆)

1.4K 153 47
                                    

အခန်း(၁၉၆)

ဒေါသတကြီး။ သူကို အပြစ်ပြုတယ်လို့ ယူဆနေတယ်။





Gu Qishao ရဲ့လက်ကို ဒီလောက် ဆိုးဆိုးဝါးဝါး ဒဏ်ရာရစေဖို့ အားဘယ်လောက်တောင် လိုလိမ့်မလဲ။

Han Yunxi  မှာ ရုတ်တရက် လှမ်းကြည့်လိုက်လျှင်  Long Feiye  မှ ရောက်ရှိလာသည်အား တွေ့လိုက်ရသည်။သူက မသေမျိုးတစ်ယောက်ကဲ့သို့ အနက်ရောင်ဝတ်စုံဖြင့် ကြောက်ရွံ့ဖွယ် လူသတ်သမားတစ်ယောက်၏ အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူ၏ ရေခဲတမျှအေးစက်သော မျက်နှာရှိ ဒေါသမှာ ကောင်းကင်အထိ ရောက်နေပြီ ဖြစ်သည်။ Gu Qishao မှာ မျက်လုံးများ ပိတ်လုနီးပါး မှေးကျဥ်းလိုက်သည်။ သူက မော့ကြည့်ရန် ငြင်းဆန်လိုက်ရုံသာမက အမှန်တကယ်ပင် သူ၏ ဒဏ်ရာအား လျစ်လျူရှုကာ Han Yunxi ၏ လက်အား ဆွဲလိုက်သည်။

ပြန်ပေးဆွဲမလို့လား….

၎င်းမှာ  Han Yunxi ၏ ပထမဆုံး အတွေးပင် ဖြစ်သည်။ သို့ဖြင့် သူမက ကောက်မိကောက်ရာ အပ်တစ်ချောင်းအား ကောက်ယူလိုက်ကာ Gu Qishao ၏ လက်အား ထိုးစိုက်လိုက်တော့သည်။

ကံမကောင်းစွာပင် ၎င်းမှာ သူမက အဆိပ်သုတ်ထားမိသော အပ်ဖြစ်နေသည်။ ၎င်းမှာ သူ၏ ဒဏ်ရာပေါ်မှ တည့်မတ်စွာ ထိုးစိုက်မိသွားတော့သည်။ သူမက မည်သည့် အဆိပ်အား သုံးလိုက်မိသည်ဆိုခြင်းအား ကောင်းကင်ကသာ သိနိုင်လောက်သော်လည်းပဲ Gu Qishao ၏ မျက်နှာမှာမူ ချက်ချင်းပင် ဖြူဖျော့သွားပြီး လွှတ်ပေးလာသည်။ ၎င်းမှာ သူက လွှတ်ပေးချင်၍ မဟုတ်ပဲ သူ၏ လက်များမှာ အင်အားများ ပျောက်ဆုံးသွားသည်နှင့် ဆင်တူသည်။ ထိုအခြင်းအရာအားမြင်လျှင် Han Yunxi  မှာ ထိုအဆိပ်မှာ ကြွက်သားများအား တိုက်စားသွားနိုင်ကြောင်း သတိရသွားသည်။ အချိန်တိုအတွင်း ၎င်းမှာ အရေပြားနှင့် အသားများအား အရည်ပျော်ကျလာနိုင်သည်။ Han Yunxi  မှာ ထိတ်လန့်သွားပြီး သူမက လွန်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူမက မော့ကြည့်လိုက်ချိန်တွင် Gu Qishao  မှာ သူမအား စူးစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူ၏ အကြည့်များမှာ သူက နောက်တစ်ကြိမ် ဘယ်သောအခါမှ မပြုံးတော့ဟု ပြောနေသယောင်ပင်။ Han Yunxi  မှာ တုန်လှုပ်သွားသည်။ သူမက တမင် လုပ်လိုက်ခဲ့ခြင်း မဟုတ်ပေ။ သူမက ဤသူအား သဘောမကျခြင်း ဖြစ်နိုင်သော်လည်း ရန်သူဟုတော့ မသတ်မှတ်ပေ။ သူမက သူ့အား အမှန်တကယ် ထိခိုက်စေလိုသည့် ဆန္ဒလည်း မရှိပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now