အခန်း(၁၂၄)

1.5K 156 8
                                    

အခန်း(၁၂၄)

ပြန်သွားခြင်း။ မမျှော်လင့်သော အလှည့်အပြောင်း။

 

Han Yunxi မှာ ဆေးလုံးခြောက်လုံး၏ အာနိသင် သက်ရောက်လာပြီးနောက် Long Feiye မှာ သူမကိုယ်တွင်းသို့ စစ်မှန်ချီ စီးကြောင်း သုံးခုအား ဖြန့်ဝေပေးလိုက်သည်။ အကြိမ်တိုင်းတွင်  Han Yunxi မှာ စွမ်းအင်များ ပြည့်နှက်လာသကဲ့သို့ ခံစားလိုက်ရပြီး အသစ်တစ်ဖန် လန်းဆန်းလာသည်။ ကံမကောင်းစွာနဲ့ပဲ အဆုံးတွင်မူ သူမ ခန္ဓာကိုယ်မှာ ပင်ပန်းနေဆဲ ဖြစ်ပြီး  ထို ခံစားချက်မှာ သိပ်မကြာလိုက်ပေ။

စစ်မှန်ချီ စီးကြောင်း သုံးခုမှ သူမ ကိုယ်ထဲတွင် လှည့်ပတ်သွားချိန်တွင် သူမ၏ သွေးခုန်နှုန်းမှာ အလွန်အားနည်းနေခြင်း မရှိတော့သော်လည်း သူမ ခန္ဓာကိုယ်မှာမူ နွမ်းနယ်နေဆဲဖြစ်သည်။ Han Yunxi မှာ Long Feiye ၏ လက်မောင်းများကြားတွင် မြှုပ်နေပြီး မျက်ခွံများပင် မလှုပ်ရှားချင်ပေ။ Long Feiye မှာ မလှုပ်ရှားပဲ သူမ၏ အလေးချိန်အား လက်တစ်ဖက်ဖြင့် ထောက်ပံ့ပေးထားသည်။  သူတို့၏ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေကာ မီးပုံက ယိမ်းနွဲ့ကခုန်နေသည်။ သစ်ပင်ကြီး၏ အောက်တွင် လေက မပြင်းထန်သော်လည်း အဝေးမှ လေပြင်းတိုက်ခတ်သံများအား ကြားနေရသည်။

ကြည့်ရတာသူတို့က ဒီတစ်ညတော့ ဒီမှာ ကုန်ဆုံးရမယ်ထင်တယ်။

အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် Long Feiye ၏ မျက်ခုံးများမှာ ပြေလျော့သွားသည်။ သူက ဘေးတွင် မှီထားသည့်  Han Yunxi အား ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် ရှုပ်ထွေးမှု ပေါ်လာကာ  အတွေးများကြား နစ်မြှုပ်နေသည်။ ထိုစဥ် Han Yunxi မှာ အဆိပ်ကုသပြီးနောက် သူမကိုယ်သူမအား Long Feiye ထံ အလုံးစုံ မှီခိုထားသည်။ ထို့နောက် သူမ မျက်တောင်များမှာ မှိတ်ကျလာပြီး ဖြည်းညင်းစွာ မျက်လုံးမှိတ်သွားတော့သည်။

အိပ်မောကျသွားသည်………….

သူတို့နှစ်ယောက်စလုံးမှာ Gu Qishao နှင့် ပတ်သက်သည့် ကိစ္စအား မေ့လျော့သွားဟန်တူသည်။ နေ့ခင်းကတည်းက သူတို့တစ်ယောက်မှ ထိုအကြောင်းအား မပြောဖြစ်ကြတော့ဘူး။ ညနက်လာသည်နှင့်အမျှ Long Feiye မှာ သူ၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးမှ ပြန်ထွက်လာလျှင် ငြိမ်းချမ်းစွာ အိပ်မောကျနေသော Han Yunxi အား တွေ့လိုက်ရသည်။ သတိလတ်လွတ်ဖြင့် သူ၏ လက်မှာ လှုပ်ရှားသွားပြီး  သူမမျက်နှာတွင် ကျဆင်းနေသည့် ဆံပင်များအား သပ်ပေးရန် ကြံစည်လိုက်မိသည်။ သို့သော် သူ၏ လက်ချောင်းများက သူမအား ထိတွေ့လိုက်သည်နှင့် တစ်ပြိုက်နက် တောင့်တင်းသွားသည်။ အချိန်အတော်ကြာသွားပြီးမှ သူက ရပ်တန့်ရန် ဆုံးဖြတ်လိုက်ပြီး လက်ပြန်ဆုတ်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now