အခန်း(၁၅၇)

1.4K 146 13
                                    

အခန်း(၁၅၇)

ဆန်က ထမင်းဖြစ်သွားပြီ။





Zhangsun Che မှာ Murong Wanru အား အမှန်တကယ် ဘာမှ မလုပ်ရသေးသော်လည်း လူတိုင်းက အိပ်ခန်းတွင်းရှိ မြင်ကွင်းအား မျက်မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ ၎င်းမှာ ထိုသူ​များ၏ မျက်နှာအား နီမြန်းနေစေရန် လုံလောက်သည်။ နောက်တစ်နည်းဆိုရလျှင် Murong Wanru ၏ ကိုယ်ကျင့်သိက္ခာအားZhangsun Che မှာ ခိုးယူသွားပြီဖြစ်သည်။ သူ၏ အပြစ်မှာ ဆင်ခြေပေး၍ မရနိုင်ချေ။ ကြင်ယာတော်ကြီးYi က သူတို့ကို လွယ်လွယ်နဲ့ ဘယ်လိုလွှတ်ပေးနိုင်မှာလဲ။ သူမက သူ့ကို သတ်ရရင်တောင် မကျေနပ်နိုင်ဘူး။

သို့သော် Murong Wanru မှာ လက်မထပ်ရသေးသည့် မိန်းမပျိုလေးဖြစ်သည်။ သူမ၏ အကျင့်သိက္ခာအား Zhangsun Che ထံတွင် ဆုံးရှုံးခဲ့ရသော်လည်း သူက သေသွားရင် သူမက ဘယ်လို ဆက်လုပ်ရတော့မလဲ။ သူမကို ဘယ်သူက လက်ထပ်ပါတော့မလဲ။ မြို့ဝန် Pingbei အိမ်တော်ထက် မြင့်မားတဲ့ မိသားစုတွေက သူမကို လက်ခံဖို့  ဆန္ဒရှိပါတော့မလား။ တကယ်လို့ သူမရဲ့ စံနှုန်းကို နိမ့်ချလိုက်ရင်တောင်မှ သူမကို လေးစားပြီး လက်ထပ်ချင်တဲ့မိသားစုရှိလာဖို့ အခွင့်အရေးက နည်းလွန်းတယ်။ Murong Wanru ရဲ့ ကံတရားကို ကယ်တင်ဖို့က Zhangsun Che နဲ့ လက်ထပ်ဖို့ပဲ ရှိတယ်ဆိုတာ ထက်မြက်တဲ့သူတိုင်းက နားလည်ထားတယ်။

တိတ်ဆိတ်နေသော ခန်းမထဲတွင် ကြင်ယာတော်ကြီးYi မှာ စကားတစ်ခွန်းမှ မဆိုပဲ ထိုင်နေသည်။
မြို့ဝန် Pingbei မှာ ထက်မြက်သည့်လူဖြစ်သည်။ သူ၏ သားဖြစ်သူအား စိတ်ဆိုးဒေါသထွက်နေသော်လည်း သူက ကိစ္စရပ်များ၏ အကွေ့အကောက်များနှင့် အကျိုးဆက်များအား သဘောပေါက်ထားပြီး ဖြစ်သည်။ ကြင်ယာတော်ကြီးYi မှ စကားစမလာသေးသည်အား မြင်လျှင် သူက ခေါင်းမော့ကာ အရင် စကားစလိုက်သည်။

“လေးစားရတဲ့တော်ဝင်ကြင်ယာတော်ကြီး , ကျွန်တော်မျိုးရဲ့ အသုံးမကျတဲ့သားက သေသင့်တဲ့ အပြစ် ကျူးလွန်ထားပြီး ခွင့်လွှတ်လို့ မရဘူးဆိုတာ သိပါတယ်။ ကလေးကို သင့်တော်အောင် လမ်းမညွှန်ပေးနိုင်တဲ့ မိဘရဲ့ အမှားပါ။ တော်ဝင်ကြင်ယာတော်ကြီးက ဘယ်လိုပဲ ဆုံးဖြတ်ချက်ချပါစေ ဒီအရာရှိနဲ့ ဇနီးက ညည်းညူခြင်းမရှိပဲ လက်ခံမှာပါ။ ဒါပေမယ့် တော်ဝင်ကြင်ယာတော်ကြီးက သခင်မလေး Murong ရဲ့ အနာဂါတ်ကို စဥ်းစားပေးပြီး တစ်ခြားနည်းလမ်းပေးဖို့ ကျွန်တော်မျိုးက တောင်းဆိုချင်ပါတယ်။ သခင်မလေး Murong အတွက် သူ့ကို တစ်ဘဝလုံး တာဝန်ယူခွင့်ပေးပါ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now