အခန်း(၇၄)

1.7K 158 0
                                    

အခန်း(၇၄)

ခန့်မှန်းထားသည်ထက် ကျော်လွန်နေသော အမှန်တရား(၁)

 
 

Long Tianmo  မှာ ကိစ္စများအား နားမလည်နိုင်ပဲ Han Yunxi အား ကြည့်လာပေမယ့် သူက အကူအညီပေးရန် မငြင်းဆိုခဲ့ဘူး။ ခမည်းတော်က ဆုလာဘ်ချီးမြှင့် ပြီးသွားပြီ ဆိုပေမယ့် သူက အသက်ကယ်ပေးတဲ့ အကြွေးတင်နေတုန်းပဲ။ ဘယ်လိုပဲဖြစ်ပါစေ သူက ပြန်ပေးဆပ်ချင်တာကြောင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်က ဆင်ခြေကောင်းပဲ။ လူထုနဲ့ ကာလအတော်ကြာ ဝေးကွာပြီးတဲ့နောက်မှာ ဒါက သူကို့ ပြည်သူတွေရဲ့ နှလုံးသားကိုလည်း ရစေနိုင်တယ်။ သူ့ရဲ့ ပြန်ထွက်ပေါ်လာမှုက သက်ရောက်မှု ကြီးမားနိုင်တယ်။

Long Tianmo က ခေါင်းငြိမ့်လိုက်သည်။ “ ကျွန်တော်ရဲ့ နာတာရှည်ရောဂါကလည်း သက်သာလာပြီဆိုတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်က အကြံကောင်းပဲ။ တော်ဝင်အဒေါ်က အရင်ပြန်သွားလို့ရပါတယ်။ ခမည်းတော် ဒီည ပြန်လာရင် ကျွန်တော်က ဆွေးနွေးလိုက်ပါ့မယ်။"

Long Tianmo  က သဘောတူမယ်ဆိုတာ သိပေမယ့် ကိစ္စတွေက ဒီလောက် ချောချောမွေ့မွေ့ ပြီးလိမ့်မယ်လို့ သူမမထင်ထားဘူး။ Han Yunxi မှာ ဝမ်းသာသွားပြီး အိမ်ရှေ့စံအား ပို၍ပင် သဘောကျမိသွားသည်။

သူမ ပြန်ထွက်လာလိုက်လျှင် Long Tianmo မှ သူမအား ခေါ်လိုက်သည်။ “တော်ဝင်အဒေါ်ချင် ကျေးဇူးပြုပြီး ကျွန်တော့်ကိုယ်စား တော်ဝင်ဦးရီးတော်ချင်ကို နှုတ်ဆက်တယ်လို့ ပြောပေးပါ။ ကျွန်တော်က လုံးဝသက်သာလာတဲ့အခါ လာလည်ပါ့မယ်။"

Han Yunxi ခေါင်းငြိမ့်လိုက်သည်။ သူမသိရသလောက်ဆိုလျှင် Long Feiye မှာ အိမ်ရှေ့စံအပါအဝင် မည်သည့် တော်ဝင်မင်းသားများနှင့်မှ ရင်းနှီးမှု မရှိချေ။ အိမ်ရှေ့စံ၏ လက်ရှိခြေလှမ်းမှာ Long Feiye နှင့် ဆက်ဆံရေးတိုးတက်စေရန် ထင်ရှားသည့် လှုပ်ရှားမှုပင် ဖြစ်သည်။

သို့ရာတွင် သူက ဖျားနာနေချိန်တွင် Long Feiye မှ တစ်ကြိမ်ပင် လာရောက်ခဲ့ခြင်းမရှိတာကြောင့် စိတ်ပျက်ခါးသီး နေခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now