အခန်း(၄)

2.6K 240 0
                                    

အခန်း(၄)

သူမကို ဆက်စောင့်ခိုင်းထားလိုက်။

အဒေါ်ကြီးဝမ်ရဲ့လက်ဟာလိုက်ကာကိုမလိုက်ခါနီးမှာပဲHan Yunxi ဟာ ခြေထောက်နှင့်နင်းလိုက်ကာ တင်းမာသော လေသံဖြင့် မေးလိုက်တယ်။

“ရှင်က ကျွန်မကို မင်္ဂလာအချိန် မရောက်ခင် အပြင်ထွက်လာစေချင်တာလား"

“မ..မဟုတ်ပါဘူး။ မတော်တဆပါ..မတော်တဆ” အဒေါ်ကြီးဝမ်ဟာ နာကျင်မှုကြောင့် မအော်မိအောင်ထိန်းရင်း ရှင်းပြလိုက်တယ်။

Han Yunxi က လွှတ်လိုက်ပြီး ဝေါယာဥ်ရဲ့ နံရံဘက် ဆီကို ခြေထောက်တွေ ပျင်းရိစွာ ဆန့်ထုတ်လိုက်တယ်။

ဟန်မိသားစုဟာ ပုံမှန်ဆို သူမအပေါ် ရက်စက်တတ်ပေ့မယ့် သူမရဲ့ မင်္ဂလာဆောင်ကိုတော့မပြောင်းလဲခဲ့ပေ။ ဝေါယာဥ်အတွင်းမှာလဲ သက်တောင့်သက်သာရှိပြီး ကျယ်ဝန်းကာ အိပ်ရန်ပင် အဆင်ပြေပေတယ်။

သူမက ပြန်သွားပြီ မနက်ဖြန်မှပြန်လာရအောင် မတုံးအပေ။ သူ့မ ပြန်လာခဲ့ရင်တောင် နောက်တစ်ကြိမ် နှောင့်နှေးပြီး မင်္ဂလာအချိန် နောက်ကျအောင် ထပ်မလုပ်ခံရဘူးဟုမပြောနိုင် ပေ။

ချင်ဝမ်ဟာ ဧကရာဇ်အမိန့်ကို တိုက်ရိုက်မဆန့်ကျင်ရဲ သော်လည်း မင်္ဂလာပွဲအား နှောင့်နှေးအောင် နည်းမျိုးစုံ သုံးနိုင်လေတယ်။

အဆုံးမှာတော့ သူမပဲ အဆိုးဆုံးခံစားရမှာ။ Han Yunxi ဟာလက်မထပ်ချင် သော်လည်း သူမ ချင်ဝမ်အိမ်တော် ကိုဝင်နိုင်မှရမည်ဟု သိနေတယ်။

မဟုတ်လို့ နန်းတော်က အပြစ်တင်လာရင် သူမကပဲ စတေးခံ ဖြစ်သွားနိုင်တယ်။

ချင်ဝမ်ရဲ့ တရားဝင်ကြင်ယာတော် လက်ထပ်ယူမှုက တစ်မြို့လုံး ဟိုးလေးတစ်ကျော် ဖြစ်နေတာမို့ သူမ တံခါးရှေ့မှာစောင့်နေရတဲ့ သတင်းဟာ နန်းတော်ထိပျံ့သွားမှာပဲ။ နန်းတော်က အာရုံစိုက်လာရင် ချင်ဝမ်အိမ်တော်ဟာ ရွေးစရာမရှိဘဲ သူမကိုဝင်ခွင့်ပေးရမှာပဲ။

စဥ်းစားရင်းမှာပင် Han Yunxi ဟာ ပိုသက်တောင့်သက်သာရှိတဲ့ ပုံစံပြောင်းပြီး အိပ်ပျော်သွားတယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Kde žijí příběhy. Začni objevovat