အခန်း(၁၁၃)

1.5K 164 6
                                    

အခန်း(၁၁၃)

ကံဆိုးမှုထဲမှ ကံကောင်းခြင်း။

 

ဝန်ခံမလား။ ဝန်မခံဘူးလား။

ထိုစကားကြားလျှင် Bilu ၏ နှလုံးသားမှာ အပြင်းအထန် တုန်ခါသွားသည်။ သူမက ဘာဖြစ်နေလဲသိသွားအောင် အစောင့် Shangguan မှ မေးခွန်းမေးမည် သို့မဟုတ် တစ်ခုခုပြောမည်ဟုထင်ခဲ့သည်။ သို့သော် သူက ပထမဆုံးစကားမှာ သူမအား ဝန်ခံရန်ဖြစ်သည်။

သူမက ဘာကို ဝန်ခံရမှာလဲ။

သူတို့က ဘာသိနေတာလဲ။

 လက်ဖက်ခြောက်ဗူး ဝှက်ထားတာအပြင် သူမ ဘာဝန်ခံစရာရှိနေသေးလဲ။ Bilu မှာ ခေါင်းငိုက်စိုက်ကာ ရင်တုန်နေသည်။ သူမ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။

သူမ ဝန်ခံသင့်လား။

သူမ အမြင့်တွင်ထိုင်နေသော နတ်ဘုရားနှင့်တူသော လူအား ခိုးမကြည့်ပဲ မနေနိုင်ချေ။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူမမှာ ကြောက်လန့်တကြား ဖြစ်ရန် လုံလောက်နေသည်။ သူမမှာ နှလုံးသား ထွက်ကျမတတ် ဖြစ်နေသည်။ထိုလူက ဘယ်သူလဲဆိုတာ သူမမသိပေမယ့် သူက အလွန်မြင့်မြတ်သော အဆင့်အတန်းကဖြစ်ရမည်။ စစ်သူကြီးငယ်က သူ့အား အလွန်ရိုသေစွာ ဆက်ဆံနေသည်။  လက်ဖက်ရည်ဆိုင်မှာ တစ်ခုခုကြီးကြီးမားမား ဖြစ်နေတာ သေချာပြီး သူမရဲ့ လက်ဖက်ခြောက်ခိုးတာနဲ့ မဆိုင်သင့်ဘူးမလား။

“မင်း ဝန်ခံမှာလား။ မဝန်ခံဘူးလား။" အစောင့် Shangguan မှ ထပ်မံ မေးမြန်းလိုက်သည်။

“ကျွန်မ မသိ…. ကျွန်မ မသိပါဘူး။" Bilu မှာလွှတ်ကနဲ ထွက်သွားပြီး သူမ ပါးစပ်မှာ သူမ ဦးနှောက်ထပ် မြန်နေသည်။

“မသိဘူး။ ငါထင်တာတော့ မင်းက အခေါင်းမမြင်ရခင် ငိုယို ငြင်းဆန်နေတာပဲ။" အစောင့် Shangguan မှာ ကြာပွတ်အား လေထဲတွင် ရိုက်ကာ ဒေါသတကြီးပြောလိုက်သည်။ ကြာပွတ်သံမှာ ပြင်းထန်စူးရှ လှသည်။ Bilu မှာ အလိုအလျောက်ပင် နားရွက်များအုပ်ကာ တစ်ဖက်တွင် တုန်ရင်စွာ ကျုံ့သွားသည်။ သူမ စိတ်ထဲတွင်လည်း လုံးဝပင် ဗလာဖြစ်သွားကာ အရာအားလုံးအား မေ့သွားသည်။ သူမက မည်မျှပင် ထက်မြက်ပါစေ သူမက လက်ဖက်ရည်အစေခံသာ ဖြစ်သေးသည်။ ထိုအကြောက်တရားမှာ လုံလောက်စွာပင် သူမအား မျက်ရည်များ ကျဆင်းလာစေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now