အခန်း(၄၄)

2K 189 0
                                    

အခန်း(၄၄)

စိတ်ရှိသမျှဒေါသ ဖြေဖျောက်ခြင်း။



ဧကရီ၏မျက်လုံးများမှာ ဒေါသဖြင့် မဲမှောင်နေသည်။ သို့ရာတွင် တစ်စုံတစ်ယောက်၏ အသက်ကယ်ရန်ဖြစ်ပြီး အခြားနည်းလမ်းလဲမရှိပေ။ သူမ ဒေါသအား ဖုံးကွယ်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။ “Yunxi ဒီလိုဆိုရင်ကော ဘယ်လိုလဲ။ Changping ကဖျားနေတယ်လို့ ပြောလိုက်ပြီး ဘယ်လိုဖျားနေတာလဲဆိုတာတော့ မပြောနဲ့ပေါ့။ ဒါက ကောင်းတဲ့ကိစ္စလည်းမဟုတ်တော့ မပျံ့သွားတာက ပိုကောင်းပါတယ်။"

“ဧကရီ ကျွန်မ မူဖေးက အပြင်လူမဟုတ်ပါဘူး။ သူမက ဘယ်သူ့ကိုမှပြောမှာမဟုတ်တာ သဘာဝကျပါတယ်။" Han Yunxi မှာ ချက်ချင်းပင် ယောက္ခမအား ကာကွယ်ပေးနေသည့် ချွေးမအလိမ္မာလေးအဖြစ်သို့ ပြောင်းသွားသည်။

ဧကရီမှာခေါင်းငြိမ့်လိုက်ပြီးထပ်မံချော့ပြောလာတယ်။ “သေချာတာပေါ့။ ဒါပေမယ့်… Changping ရဲ့ရောဂါက ကူးစက်ရောဂါဖြစ်နေနိုင်တဲ့ အပြင် သူ့မျက်နှာပေါ်မှာဖြစ်နေတယ်။ လက်မထပ်ရတဲ့ မိန်းကလေးက တစ်ချို့ ဂုဏ်သိက္ခာထိန်းသင့်တယ်လေ။ ဟုတ်တယ်မလား။"

Han Yunxi ဟာ နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ “ချန်ချီ နားလည်ပါတယ်။ မင်းသမီး Changping က ပြင်းထန်တဲ့အဖျားရောဂါခံစားနေရပြီး ကိုယ်တွင်းအပူရှိန်ကိုဖယ်ရှားဖို့နဲ့ အဆိပ်ဖြေဖို့အတွက် ဆယ်ရာသီပုစဥ်းရင်ကွဲအခွံကို လိုအပ်တယ်လို့ ပြောလိုက်ပါ့မယ်။"

“အင်း…. အဲ့ဒီလိုပဲ။ မင်းဘာသာမင်း ပြန်သွားမယ်မလား။" ဧကရီက ထပ်မံမေးမြန်းလိုက်သည်။ သူမ ဒီလောက်အထိ အလျှော့ပေးထားရပြီးပြီ။သူမ ကြင်ယာတော်ကြီးYi ကိုထပ်တောင်းပန်ပြီး မျက်နှာအပျက်မခံနိုင်တော့ဘူး။ မျက်နှာပျက်ရတာ လုံလောက်ပြီ။

Han Yunxi သာသွားလိုက်လျှင် သူမ လုပ်သမျှ အဓိပ္ပါယ်မဲ့သွားမှာပေါ့။ သေချာပေါက်သူမ သွားမှာမဟုတ်ပေ။ သူမ ထက်သန်စွာပင် ပြောလိုက်သည်။ “အဆိပ်က ကူးစက်လာမခင် ကျွန်မ မင်းသမီးကို ဒီမှာစောင့်ကြည့်ဖို့တယ်။ လေးစားရတဲ့ဧကရီ ဒါက မနှောင့်နှေးသင့်ပါဘူး။ ကျွန်မအစား တစ်ယောက်ယောက်လွှတ်သင့်ပါတယ်။" ဧကရီမှာ ကူးစက်ရောဂါဆိုသည်နှင့် စိတ်လှုပ်ရှားလာပြန်သည်။ ဧကရီမှာ ရွေးချယ်စရာမရှိတော့ပဲ  Gu Beiyue အား လွှဲပြောင်းပေးလိုက်ရသည်။ သူက ထင်မြင်ချက်မပေးတော့ပဲ ချင်ဝမ်အိမ်တော်ကို ပစ္စည်းတောင်းရန် လေးစားစွာ ရောက်လာခဲ့သည်။ နေ့လည်အထိ အခြေအနေမှာမရှင်းလင်းသေးပဲ Gu Beiyue မှာလဲ ပြန်ရောက်မလာသေးပေ။ ဧကရီမှာ ဧည်ခန်းမဆောင်တွင် စိတ်လှုပ်ရှားစွာထိုင်နေပြီး စိတ်ဓါတ်ကျနေကာ Han Yunxi မှာ သူမ၏ အဆိပ်ဖြေဆေးဆိုသည်အား ပြုလုပ်ရန် မီးဖိုဆောင်သို့ ဝင်နေသည်။ သူမအား မည်သူမျှနှောင့်ယှက်ခွင့်မပြုပဲ တန်ဖိုးကြီးဆေးပစ္စည်းများအား သူမအတွက်သိမ်းထားလိုက်တယ်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now