အခန်း(၈၈)

1.6K 144 0
                                    

အခန်း(၈၈)

လက်ဖက်ရည်သောက်ရင်း ကိုယ်စီအတွေးများဖြင့်။

 

Mu Liuyue က မင်းသမီးChangping အကြောင်းကို Han Ruoxue အရှေ့မှာ ပြောတာ ပထမဆုံးအကြိမ်မဟုတ်တော့ဘူး။

“နင် တကယ် ပြောနေတာလား။နင်က ကတိပေးနေတာ အကြိမ်ပေါင်းမနဲတော့ဘူး။"  သူမ ပြောလိုက်ပြီး ဒေါသသံများ ပါဝင်နေသည်။

Mu Liuyue ဟာ ရယ်လိုက်တယ်။ “ ပြီးခဲ့တဲ့ အခေါက်တွေတုန်းက နှောင့်နှေးသွားတဲ့ ကိစ္စလေးတွေရှိတယ်လေ။ ဒီလိုဆို ဘယ်လိုလဲ။ မက်မန်းပွင့် တွေ့ဆုံပွဲကျရင် ငါက မင်းသမီးChangping ကို နင့်ဆီ ဖိတ်စာ ပို့ခိုင်းလိုက်မယ်။"

ထိုစကားများမှာ Han Ruoxue အား မျက်ခုံးထောင့်များအထိ တောက်ပသွားစေသည်။ “Liuyue နင်က ငါ့ကို ပျော်စေချင်ရုံနဲ့တော့ ဒီစကားတွေ ပြောလို့ မရဘူးနော်။"

မက်မန်းပွင့်တွေ့ဆုံပွဲက မင်းသမီးChangping ကိုယ်တိုင် ဦးစီးပြီး သုံးနှစ်တစ်ကြိမ် ကျင်းပသည့် ပွဲတော်ဖြစ်သည်။ အဲ့ဒါက မက်မန်းပွင့်များအား ကြည့်ရှုရင်း လက်ဖက်သောက် ပျော်ရွှင်မှုရှာနိုင်သော အခွင့်အရေးဖြစ်သည်။ တက်ရောက်နိုင်သူများမှာ မင်းသမီးChangping ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ဖိတ်ကြားထားသော အမျိုးသမီးများဖြစ်ပြီး အများစုမှာ Tianning  အထက်တန်းစား မိသားစုများမှဖြစ်ကြသည်။ ဖိတ်ကြားခံရသော လူတိုင်းမှာ Tianning ၏ အဆင့်အတန်းအမြင့်ဆုံးသော လူမှုအသိုင်းအဝိုင်းမှဟု သတ်မှတ်နိုင်ပြီး Tianning တိုင်းပြည်မှ မိန်းကလေး အကုန်မှာ ဤ တွေ့ဆုံမှုအား မျှော်လင့်ထားကြသည်။ Han Congan  မှ အကျဥ်းချမခံရစဥ်အချိန်တွင် ဟန်မိသားစုမှာလည်း အထက်တန်းစား မိသားစုဟု သတ်မှတ်နိုင်သည်။ ကံမကောင်းစွာပင် သူတို့က လွှမ်းမိုးနိုင်ခြင်းအာဏာ မရှိသည့်သာမာန်ပြည်သူများသာ ဖြစ်တာကြောင့် Han Ruoxue မှာ တက်ရောက်ရန် အစမှပင် အခွင့်အရေးမရှိခဲ့ပေ။

“ငါက ကျိန်ပြောရဲတယ် ..ဟုတ်ပြီလား။ နင်က ငါ့ကို အဲ့ဒီလောက်တောင် မယုံဘူးလား။" Mu Liuyue မှာ ဥာဏ်များသော အကြည့်များဖြင့် ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now