အခန်း(၁၅၆)

1.4K 152 7
                                    

အခန်း(၁၅၆)

တိတ်ဆိတ်မှုထဲမှ နာကျင်ခြင်း၏ မျက်နှာသာပေးမှု။





Han Yunxi မှ ဆူပူလိုက်လျှင် Murong Wanru မှာ တုန်သွားကာ မတ်တပ်ထလိုက်သည်။ သူမ၏ မျက်နှာအား ဖုံးကွယ်ကာ Han Yunxi ၏ ဘေးမှ တွန်းတိုက်၍ တံခါးမှထွက်ပြေးသွားတော့သည်။ ထိတ်လန့်နေသည့် မင်းသမီး Changping မှာလည်း အော်ဟစ်လိုက်သည်။ “တစ်ယောက်ယောက် မြန်မြန် သူမနောက်ကိုလိုက်သွားလိုက်။ ကိစ္စတွေကို ပိုပြီး ခက်ခဲအောင် မလုပ်စေနဲ့။"

“မင်းသမီးChangping  မင်းရဲ့ လူတွေက အလုပ်ဘယ်လိုလုပ်နေတာလဲ။ သူတို့က အမူးသမားတစ်ယောက်တောင် သေချာ စောင့်ကြည့်မထားနိုင်ဘူး။ အခုဒီလို ဖြစ်သွားပြီ။ မင်းက Zhangsun Che  ကို ကိုယ်တိုင်ခေါ်လာပြီး ကြင်ယာတော်ကြီးYi  ကိုရှင်းပြတာ ကောင်းလိမ့်မယ်။"  Han Yunxi မှ ရှုတ်ချလိုက်သည်။ Murong Wanru ရဲ့ စရိုက်နဲ့ သတ်သေဖို့ဆိုတာ သူမ စိတ်ပူမနေဘူး။ စကားဆုံးပြီးနောက် Han Yunxi မှာ အင်္ကျီလက်များအား ခါလိုက်ကာ လမ်းလျှောက် ထွက်လာလိုက်သည်။

သူမက အဝေးတစ်နေရာ ရောက်သွားချိန်မှ မင်းသမီး Changping မှာ သတိရလာပြီး လွှတ်ခနဲ မေးလိုက်သည်။ “ဒါပေမယ့် ဒါက နင့် အခန်း မဟုတ်ဘူးလား။"

ကံမကောင်းစွာပင် သူမအား မည်သူမျှ ဖြေပေးကြခြင်း မရှိပေ။ ယခုတွင် ကိစ္စများမှာ ဤသို့ ဖြစ်ပျက်သွားခြင်းကြောင့် မက်မန်းပွင့်တွေ့ဆုံပွဲတော်အားလည်း ဆက်လက် ကျင်းပ၍ မရတော့ချေ။ လူတိုင်းမှာလည်း အရှုပ်အထွေးထဲတွင် ရောပါသွားမည်အား စိုးရိမ်ကာ ပြန်လည် ထွက်ခွာသွားကြသည်။ မင်းသမီး Changping မှာလည်း အပြစ်တင်ခံရခြင်းမှ ကာကွယ်နိုင်ရန် အလွန်အမင်း နှောင့်နှေးမနေဝံ့ပေ။ Zhangsun Che မှာ စိတ်ကြွဆေး ပြယ်သွားသည်နှင့်တစ်ပြိုက်နက် သူမက သူ့အား ချင်ဝမ်အိမ်တော်သို့ တောင်းပန်ရန်နှင့် ပြစ်မှုအတွက် ပြစ်ဒဏ်တောင်းဆိုရန် ကိုယ်တိုင် ခေါ်သွားလိုက်ရသည်။

Zhangsun Che မှာ အပြစ်အကင်းဆုံး သူသာဖြစ်သည်။ သူက စိတ်ကြွဆေးခတ်ခံလိုက်ရခြင်းအား မသိခဲ့သကဲ့သို့ သူဘာလုပ်ခဲ့မိမှန်း သတိပြုမိသွားသည်နှင့် သေရည်အားသာ အပြစ်တင်နိုင်တော့သည်။ သူက နောင်တရနေရလွန်းလို့ အူတွေတောင် အစိမ်းရောင် ပြောင်းသွားမတတ်ပဲ။ တကယ်လို့သူကသာ ဒီလိုတွေ ဖြစ်လာမယ်မှန်းသိရင် သေရည်သောက်ပြိုင်ပွဲကို ဘယ်တော့မှ ဝင်ပြိုင်ခဲ့မှာ မဟုတ်ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now