အခန်း(၁၇၅)

1.4K 166 49
                                    

အခန်း(၁၇၅)

မူဖေး။ ကျွန်မ ပြန်လာပြီ။





သူ့ကို ဘာလို့ ကယ်တာလဲ။

တကယ်တော့ အကြောင်းပြချက်မှာ သိသာထင်ရှားသော်လည်း  Long Feiye မှ ခေါင်းမာစွာ မေးခွန်းထုတ်နေကာ သူမအား စိုက်ကြည့်နေလျှင်တောင်  Han Yunxi မှာတုံ့ဆိုင်းနေသေးသည်။ သူမ ဘာကြောင့် တုံ့ဆိုင်းနေခဲ့တာလဲ။ သူမမှာ တခြားအဖြေတွေ ရှိနေတာလား။

"ဘာလို့လဲ။" Long Feiye မှာ  ပိုမိုနီးကပ်လာကာ  ဖိကပ်လိုက်သည်။

Han Yunxi မှာ အလျင်အမြန် ပြောလိုက်ရသည်။ "ရှင်က ကျွန်မကိုကယ်ဖို့ အမိန့်ပြားကို သုံးခဲ့တာဆိုတော့ ကျွန်မကလည်း အခု ရှင့်ကို ပြန်ကယ်တာလေ။ဒါဆို ကျွန်မတို့နှစ်ယောက်လုံး ညီမျှ သွားပြီလေ။"

သို့တိုင် Long Feiye ၏ အေးစက်သော အဖြေမှာ မထင်မှတ်ထားစရာပင်။ "ဘယ်သူက မင်းနဲ့ ညီမျှ ချင်လို့လဲ။"

အယ်..

Han Yunxi မှာ အံ့ဩသွားပြီး သူမ၏ ပြူးကျယ်သွားသော မျက်လုံးများသည် Long Feiye အား စိုက်ကြည့်လိုက်သည်။ သူ ဘာကို ဆိုလိုတာလဲ။ ဒီတစ်ကြိမ်မှာတော့ Long Feiye က သူ့မျက်လုံးတွေ အား အကြည့်လွှဲသွားတော့သည်။ ချက်ချင်းပင် သူမအား တွန်းဖယ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ "Han Yunxi၊ မင်းရဲ့အရှင်ရဲ့ အမိန့်ပြားအတွက်ကို ပြန်ပေးဆပ်ရတာက လွယ်တာမဟုတ်ဘူး။ မင်းရဲ့ အရှင်ကို မင်းက အကြွေးတင်နေတုန်းပဲ။"

ကော်တရာကောင်…….

Han Yunxi မှာ မျက်မှောင်ကြုတ်ကာ သူနှင့်အတူ အကြွေးတွက်ရန် ပျင်းနေလေသည်။ သူက မေးခွန်းထုတ်ပြီးသွားပြီဆိုတော့ အခုအချိန်မှာ သူမအလှည့်ရောက်သင့်ပြီ။ "ရှင်က မင်းသမီး Rongle နဲ့ လက်ထပ်ဖို့ အမိန့်ကို ငြင်းလိုက်လို့ ပိတ်ခံထားရတာလား။" သူမမေးလိုက်ပြီးမှ အရူးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။ အဲဒီလို ဖြစ်ပျက်ခဲ့တာက သိသာနေပေမယ့် သူမက ဘာပဲဖြစ်ဖြစ် မေးမိသွားပြီ။

“ဟုတ်တယ်။” Long Feiye မှာ တည့်တိုးပင် ဖြေလိုက်သည်။

"ဘာလို့လဲ။" Han Yunxi မှ မေးလိုက်သည်။ကောင်းပြီ၊ ဒီမေးခွန်းကလည်း အရူးနဲ့တူတယ်လို့ သူမထင်မိပေမယ့် သူမ မေးလိုက်မိတုန်းပဲ။ ယခင်အချိန်နှင့်မတူဘဲ Long Feiye မှာ သူမအား အဖြေမပေးတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now