အခန်း(၁၀၈)

1.5K 154 0
                                    

အခန်း(၁၀၈)

သံသယရှိဖွယ် အကောင်းဆုံး။

 

နောက်တစ်နေ့မနက်တွင် ဘဏ္ဍထိန်းXia မှာ နွေဦးလက်ဖက်ခြောက်များ နှင့် ဆောင်းဦး၊ ဆောင်းရာသီလက်ဖက်ခြောက် တစ်ပုံကြီးအား Mu Qingwu မရောက်ခင် သူမထံ ပို့လာသည်။ အကုန်လုံးမှာ လတ်ဆတ်စွာ ရွေးထုတ်လာတာဖြစ်သည်။ ရှေးလူတွေက အစားအစာ ထိန်းသိမ်းထားနိုင်စွမ်း မပြည့်စုံဟု ဘယ်သူပြောတာလဲ။ သူမရှေ့မှ ပစ္စည်းများအား ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ရှေးကနေ ခေတ်သစ်အထိ ငွေကမှ လူတွေကို ကိစ္စမြန်မြန် ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်တယ်။

မွှေးပျံ့နေသော လက်ဖက်ခြောက်ဗူးများအား ကြည့်ရင်း သူမ မနက်စာပင် မစားတော့ပဲ စာကြည့်ခန်းတွင် အောင်းကာ စမ်းသပ်မှု စလုပ်တော့သည်။ ယခင်ကဲ့သို့ အမျိုးအစား အလိုက်ခွဲကာ  ရေထဲတွင် သီးခြားထည့်လိုက်သည်။ သူမက လက်ဖက်စိမ်း ဖြင့်ပင် စမ်းသပ်မှုများစွာ လုပ်ခဲ့သော်လည်း ကံမကောင်းစွာပင် ရလဒ် မကောင်းပေ။

နောက်တစ်ကြိမ် လက်ဖက်ခြောက်နမူနာတိုင်းက အဆိပ်မဖုံးကွယ်ထားနိုင်ပြန်ဘူး။ ဒါက အံ့သြစရာတော့ မဟုတ်ဘူး။ သူမ လက်ဖက်ခြောက်များအား အခြောက်ခံသည့်အချိန် ထို့နောက် ပေါက်ရောက်သည့် အချိန်အလိုက် အုပ်စုခွဲကာ ထပ်မံစမ်းသပ်ကြည့်သော်လည်း မအောင်မြင်ပေ။ သူမ စာကြည့်ခန်းထဲမှ ခေါင်းငိုက်စိုက်ဖြင့် ထွက်လာကာ ကံဆိုးနေသည်ဟုပင် ခံစားလိုက်ရသည်။ သူမ မှားယွင်း သံသယဖြစ်မိနေတာလား  ဒါမှမဟုတ် အသေးစိတ်အချက်တစ်ခုကို ကျော်သွားမိပြန်တာလား။

ထုတ်လုပ်တဲ့နေရာ…

အဲ့တာများ ဖြစ်နေမလား။

 ထိန်းသိမ်းမှုနည်းလမ်းနဲ့ ရိတ်သိမ်းချိန်ပြီးရင် နောက်ထပ်ကွဲပြားတာက လက်ဖက်ခြောက်ထုတ်လုပ်တဲ့နေရာပဲ ကျန်တော့တယ်။ အသစ်ဖြစ်သွားသည့် Han Yunxi  မှာ တက်ကြွသွားသည်။ ဒီနေ့ သူမတို့ ကောင်းကင်ဘုံမွှေးရနံ့ လက်ဖက်ရည်ဆိုင်မှာ ရလဒ် ရနိုင်သည်။

“လေးစားရတဲ့ဝမ်ဖေး အစားစားဖို့ အချိန်ရောက်ပါပြီ။” Zhou မားမားမှ သတိပေးလိုက်သည်။ သို့မှသာ Han Yunxi မှာ သတိဝင်လာသည်။ သူမထိုင်လိုက်ချိန်မှာပဲ Zhou မားမားမှ ပြောလာသည်။ "အရှင့်သားက နိုးနေတာကြာပြီ။ သူက ခြံဝန်းထဲမှာ လက်ဖက်ရည်နှပ်နေတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now