အခန်း (၁၂၃)

1.5K 162 20
                                    

အခန်း (၁၂၃)

ဆေးတိုက်ကျွေးခြင်း။ ထိန်းချုပ်မှု လွတ်ကင်းလု နီးပါး။



ဒီမိန်းမက တစ်ခါမှ မတွေခဲ့ဖူးခဲ့ပဲနဲ့  Gu Qishao ဘက်က နေ ပြင်းပြင်းထန်ထန် ရပ်တည်ပေးခဲ့တယ်။

Long Feiye ၏ မျက်နှာမှာ မကျေမနပ်မှုများ ပြည့်နှက်နေသော်လည်း သူက လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ နောက်လက်တစ်ဖက်ဖြင့် သူ၏ ဝတ်ရုံအား မြေပြင်တွင် ဖြန့်ခင်းလိုက်ပြီး သူမအား လှဲချလိုက်သည်။ သူမက မြေပြင်နှင့် ထိလိုက်သည်နှင့် သူမ ကုတင်တွင် လှဲလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ မူးဝေလာပြီး မျက်လုံးမှိတ်လိုက်သည်။

“ဟေ့…..”

“ Han Yunxi….”

Long Feiye မှာ သူမအား အကြိမ်များစွာ လှုပ်ယမ်းလိုက်သော်လည်း တုံ့ပြန်မှု မရှိတော့ချေ။ သူ၏ ခန့်ညားသော မျက်ခုံးများမှာလည်း သတိမထားမိပဲ ကျုံ့သွားပြီး သူမအား သွေးတိတ်သွားစေရန် ဆက်လုပ်နေလိုက်သည်။ သူ၏ အမူအရာမှာ ရုပ်ဆိုးနေသော်လည်း သူ၏ လှုပ်ရှားမှုတိုင်းမှာ အလွန် ဂရုတစိုက် ရှိကာ သိမ်မွေ့နေသည်။ တစ်စုံတစ်ယောက်ရဲ့ ဒဏ်ရာကို ကုသပေးနေချိန်မှာ အေးစက်ပြီး ခံစားချက်မရှိတဲ့ ချင်ဝမ်က ဤမျှ နူးညံ့နေမည်ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး။ အကယ်၍ Han Yunxi သာ သတိရှိနေရင် သူက သူမ ခြေထောက်အား နှိပ်နှယ်ပေးစဥ်တုန်းကလို အသက်ရှူဖို့ အတွက်တောင် စိတ်လှုပ်ရှားနေလိမ့်မည်။ ကံမကောင်းစွာနဲ့ပဲ သူမမှာ ဤကမ္ဘာကြီးအား မေ့မျောသွားပြီ ဖြစ်သည်။

သူမ ၏ ဒဏ်ရာမှ တိမ်နေခြင်း မရှိပေ။ ပြတ်ရှရာ၏ အသားများတွင် သူမ အဝတ်အစားများမှာ ရောထွေးနေသည်။ ၎င်းမှာ အလွန်မှုန်ဝါးနေသော မြင်ကွင်းဖြစ်သော်လည်း Long Feiye အတွက်မူ ထူးထူးခြားခြား မဟုတ်ပေ။ သူက အဝတ်စများအား ဒဏ်ရာမှ ဂရုတစိုက် ခွာလိုက်ပြီး သူမမှာ နာကျင်နေမည်အား စိုးရိမ်နေဟန်ဖြင့် Han Yunxi အား မကြာခဏ လှည့်ကြည့်နေသည်။ သူမ၏ တိတ်ဆိတ်နေသော မျက်နှာလေးအား တွေ့ရမှသာလျှင် သူက ဆက်လုပ်နိုင်သည်။

သူမအား သွေးတိတ်သွားစေရန် ဆေးထည့်ပြီးနောက် ပတ်တီးစည်းပေးလိုက်ကာ သူက မမှောင်လာခင် အရာအားလုံး အပြီးသတ်လိုက်သည်။ ဆောင်းတွင်းဖြစ်နေသောကြောင့် တောအုပ်အတွင်းရှိ အရာအားလုံးမှာ ပို၍ အေးစက်လာသည်။ Long Feiye မှာ မီးဖိုလိုက်ပြီးနောက် အနည်းငယ်တွေဝေနေပြီး Han Yunxi အား သူ၏ရင်ခွင်တွင်းသို့ ဖြည်းညင်းစွာ ဆွဲသွင်းလိုက်လျှင် သူမက အိပ်မောကျသွားသည်။ မြေပြင်တွင် ခင်းထားသည့် သူ၏ ဝတ်ရုံမှာမူ အေးစက်နေဆဲဖြစ်သည်။ ယခင်က မျက်လုံးများမှိတ်နေသည့်  Han Yunxi မှာ သူ၏ နွေးထွေးသော ထွေးပွေ့မှုကြောင့် ဖြည်းညင်းစွာ မျက်လုံးပွင့်လာသည်။ သူက အထက်စီးမှ သူမအား ငုံ့ကြည့်လိုက်ပြီး စကားများတွင်တော့ နွေးထွေးမှု အရိပ်အယောင် မပါဝင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် Tahanan ng mga kuwento. Tumuklas ngayon