အခန်း(၁၂၆)

1.4K 156 0
                                    

အခန်း(၁၂၆)

အငြင်းပွားမှု။ တုံ့ပြန်မှုကို ဘယ်သူနိုင်မလဲ။

Murong Wanru မှာ Han Yunxi အတွက် အခက်အခဲများ ဖန်တီးခြင်းမှာ လုံးဝ ပုံမှန်သာဖြစ်သည်။ သခင်မ Xu မှာ သူမ ( Mu Liuyue) နှင့် Han Yunxi မှာ အလောင်းအစား တစ်ခုခုလုပ်ထားကြောင်း  Han Ruoxue ထံမှ ကြားလိုက်ရသည်။ သို့သော် သူမက မည်သို့သော အလောင်းအစားမှန်း မသိပေ။ သို့တိုင် ဤကဲ့သို့ အထက်တန်းစား မြင့်မြတ်သည့် သခင်မလေးတစ်ယောက်မှ ကာကွယ်ပေးထားလျှင် သူမက အရှုပ်အထွေးကြီးအား လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

သူမက ဤကဲ့သို့ အရှုပ်အထွေးကြီးအား ဖန်တီးထားသော်လည်း ကြွယ်ဝကာ လွှမ်းမိုးမှုရှိသော မိသားစုမှ သမီးတစ်ယောက်ဖြစ်နေဆဲဖြစ်ပြီး ကြင်ယာတော်ကြီးYi နှင့် ကျန်သူများ ထွက်ပေါ်လာချိန်တွင် ရိုသေစွာ ဦးညွှတ်လိုက်သည်။ “ ဒီ အရပ်သူ ဟန်အိမ်က သခင်မXu  က ကြင်ယာတော်ကြီးYi နဲ့ ချင်ဝမ်ဖေးကို နှုတ်ခွန်းဆက်ပါတယ်။"

ကြင်ယာတော်ကြီး Yiမှာ သည်အရှုပ်ထုတ်ကြီးအား ဘေးသို့ ကန်ထုတ်ပစ်ရန် အသင့်ဖြစ်နေသော်လည်း သူမကိုယ်သူမ ထိန်းသိမ်းရန် ဒေါသများအား မြိုသိပ်ထားလိုက်သည်။  သူမက သူမ၏ မြင့်မားသော အဆင့်အတန်းမှ အထင်သေးစွာ ကြည့်ရှုလိုက်ပြီး မေးလိုက်သည်။ “ သခင်မXu ချင်ဝမ်အိမ်တော်မှာ လူထုကို သွေးထိုးလှုံ့ဆော်တဲ့ အပြစ်ကို သိရဲ့လား။"

ထိုစဥ် သခင်မ Xu  မှာ ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ထိုအသံမှာ တိတ်ဆိတ်နေသော လူအုပ်၏ အလယ်တွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ “ ကျွန်မက မတရားခံရတာပါ။ ကြင်ယာတော်ကြီးYi …. ဒီအရပ်သူက  ပြန်ပြီး ပြောင်းလဲသွားဖို့ အယူခံဝင်ရုံကလွဲပြီ တစ်ခြားနည်းလမ်း မရှိပါဘူး။ ကျွန်မ စောင့်ရတာ စိတ်မရှည်တော့ပါဘူး။ ဒါကြောင့် ဒီတံခါးတွေ ရှေ့မှာပဲ လာပြီး အသနားခံနိုင်ပါတယ်။ ဒီအရပ်သူ တမင်လုပ်တာမဟုတ်ပါဘူး။”

သခင်မ Xu မှာ ကျယ်လောင်စွာ ပြောလိုက်ပြီး သူမ၏ အသံကြောင့် မြို့သူမြို့သားများမှာလည်း အတူတကွ ဒူးထောက်ကာ အသနားခံပေးလိုက်ကြသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now