အခန်း(၅)

2.5K 249 6
                                    

အခန်း(၅)

ရင်းနှီးသော သတိပေးချက်။

ကောင်းကင်တစ်ခုလုံး မှောင်လာပေမယ့် Han Yunxi ဟာ ဆက်လက် အိပ်ပျော်နေတယ်။ ဒီခန္ဓာကိုယ်က ဘယ်လောက်ပင်ပန်းခဲ့လဲဆိုတာ ကောင်းကင်ကပဲ သိလိမ့်မယ်။

ပင်ပန်းနေတဲ့ ခန္ဓာကိုယ်နဲ့ သူမက ရင်းနှီးတဲ့ ဒေါ့ဒေါ့ဒေါ့ ဒေါ့ဒေါ့ဒေါ့ ဟူသောအသံအား သူမရဲ့အသိစိတ်ထဲမှာ ကြားလိုက်ရတယ်။

ရုတ်တရက် သူမ မျက်လုံးတွေကို ဖွင့်လိုက်တယ်။

ဒါက Lingyun ဆေးရုံ အဆိပ်ဖြေစနစ် ရဲ့ အချက်ပေးသံမဟုတ်ဘူးလား။

သူမကို အလုပ်ခန့်နိုင်ရေးအတွက် Lingyun ဆေးရုံဟာ အဆိပ်ခြေရာခံစနစ် တိုးတက်ရေး သုတေသနတွေမှာ ရင်းနှီးမှု များပြုလုပ်ခဲ့တယ်။ဒီစနစ်က သူမရဲ့ အဆိပ်ဖြေဆေးများ၊ လူနာအတွက် လိုအပ်တဲ့ ကိရိယာများကို သိမ်းဆည်းထားနိုင်တဲ့ လေဟာနယ်အိတ်လေးပဲ။ဒီစနစ်ကို သူမရဲ့ ဦးနှောက်မှာ ထည့်သွင်းထားပြီး သူမ စိတ်နဲ့တိုက်ရိုက် ထိန်းချုပ်နိုင်တယ်။

Han Yunxi  သူမရဲ့ ကမ္ဘာကူးပြောင်းမှုဟာ ဒီရတနာလေးပါ ပါလာမယ်လို့ မထင်ထားဘူး။သူမ စိတ်လှုပ်ရှားသွားတယ်။

မိုးကောင်းကင်က သူမကို ပစ်မထားဘူးပဲ။

ဒီ ဒေါ့ဆိုတဲ့ အချက်ပေးသံဟာ တု ဒါမှမဟုတ်ရင် အဆိပ်ပဲ။ ဒါဟာ သူမရဲ့ အနီးပတ်ဝန်းကျင်မှာ အဆိပ်ရှိတယ်လို့ အချက်ပြနေတာပဲ။

သူမရဲ့ မျက်နှာပေါ်မှာ ရှိတဲ့အကျိတ်ဟာအဆိပ် ကြောင့်ဟုသံယသ ရှိခဲ့ပေမယ့် ယခုတော့ သေချာသွားပြီ။

မျက်လုံးမှိတ်လိုက်ပြီး သူမ အဆိပ်ဖြေစနစ်ကို ဖွင့်ဖို့ကြိုးစားလိုက်တယ်။ ယခင်တုန်းက ကဲ့သို့ လွယ်ကူနေဦးမည်ဟု မထင်ထားခဲ့ပေ။ သူမ အပ်စိုက်ကုထုံးအတွက် အပ်အချို့နဲ့ ပတ်တီးများ ကိုထုတ်လိုက်ပြီး သူမရဲ့ လေဟာနယ်လေးကိုစစ်ဆေးလိုက်တယ်။ သူမမှာ အပ်နဲ့ ဆေးပစ္စည်းတွေ လုံလုံလောက်လောက် ရှိနေသေးတယ်။

Han  Yunxi ဘေးပတ်ဝန်းကျင် ကိုကြည့်လိုက်တဲ့ အခါမှာ အကုန်လုံး ငိုက်မြည်းနေကြတယ်။ အချိန်တစ်ခု အတွင်းတော့ သူမ မျက်နှာပေါ်က အဆိပ်ကုသချိန်မှာ နှောင့်ယှက်ခံရမှာမဟုတ်ဘူး။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now