အခန်း(၁၃၁)

1.5K 149 16
                                    

အခန်း(၁၃၁)

နောက်ကွယ်မှ၊ ခြေတစ်လှမ်းစာ။


“ကျွန်မ…. ယောင်းမ ကျွန်မက အဲ့ဒီလို ပြောတာမဟုတ်ပါဘူး။ ဟန်မိသားစုက ယောင်းမရဲ့ မိသားစုလေ… ယောင်းမ….”

Murong Wanru မှာ ရှင်းပြခါနီးမှာပင်  Han Yunxi မှာ သူမအား အခွင့်အရေး မပေးချေ။ “ညီမလေး Wanru ရဲ့ စကားက မမှားပါဘူး။ ဟန်မိသားစုက ငါ့ရဲ့ မိဘအိမ်ပဲ။ဒါ့ကြောင့် ငါ့မိဘအိမ်ရဲ့ အိမ်တွင်းရေး ပြောလို့ရတယ်။ ဒါပေမယ့် ချင်ဝမ်အိမ်တော်က ငါ့ခင်ပွန်းရဲ့ အိမ်ပဲလေ။ ငါက ဘယ်လိုလုပ် ခင်ပွန်းအိမ်ကို ထိခိုက်စေပြီး မိဘအိမ်ကို မျက်နှာသာပေးရမလဲ။ ဟုတ်တယ်မလား.. ညီမလေး Wanru"

Murong Wanru မှာ အလျင်စလို ခေါင်းငြိမ့်လိုက်သည်။ “သဘာဝကျပါတယ် .. ဒါပေမယ့်…”

Han Yunxi မှာ သူမအား ထပ်မံ ဖြတ်ပြောလိုက်ပြန်သည်။ “ ငါက မိဘအိမ်ဆိုပြီး ခွဲခြားဖို့ အစီအစဉ်မရှိဘူး။ ဒါကြောင့် ညီမလေး Wanru က သူတို့အတွက် တောင်းပန်ပေးစရာမလိုပါဘူး။"

ထိုစကားများမှာ Murong Wanru ၏ မျက်နှာအား အစိမ်းရောင် ပြောင်းသွားစေသည်။ သူမက Han Yunxi အတွက် ဂရုစိုက်ဟန်ဆောင်နေသော်လည်း သူမ၏ အကျိုးအတွက် သူမ( Han Yunxi) အား ကူညီနေသည်ဟု ပြောနိုင်သည်။ ။ သို့သော် Han Yunxi မှာ သူမက စကားမပြောနိုင်ခင်ပင် ငြင်းဆန်လိုက်သည်။ Murong Wanru မှာ အောက်သို့ ငုံ့ကြည့်လိုက်လျှင် မလှုပ်မယှက် ဖြစ်နေသည့် သခင်မ Xu အား တွေ့လိုက်ရသည်။ သူမက သတိလွတ်နေခြင်းလား... သူမတို့ စကားများအား နားထောင်နေခြင်းလည်း မသဲကွဲပေ။

ဒီသခင်မXu က စိတ်ရှုပ်စရာ ကောင်းလွန်းတယ်။
Murong Wanru မှာ Han Yunxi မှ ထပ်မံစကားစ လာချိန်အထိ အတွေးလွန်နေသည်။ “ ဒါပေါ့ တကယ်လို့ ညီမလေး Wanru က ငါ့ကိုယ်စား တစ်ယောက်ယောက်အတွက် တောင်းပန်ပေးချင်ရင် ငါက မတားပါဘူး။"

“ ကျွန်မက ဘာလို့ တောင်းပန်ရမှာလဲ။" Murong Wanru မှာ အလျင်အမြန်ပင် လွှတ်ခနဲ ပြောလိုက်မိသည်။

ကြင်ယာတော်ကြီးYi  မှာ အရူးမဟုတ်ပေ။ သူမ( Han Yunxi)၏စကားများမှ သဲလွန်စများအား ကြားလျှင် စဥ်းစားနေစရာပင် မလိုချေ။ သူမက မျက်မှောင်ကျုတ်ကာ  Murong Wanru အား ကြည့်လိုက်ကာ နောက်ပြန်ဆုတ်ကာ ထိုင်ခိုင်းလိုက်သည်။ သူမ (Murong Wanru ) မှာ မည်သို့ ထပ်မံ၍ လှုပ်လှုပ်ရှားရှား လုပ်ဝံ့တော့မလဲ။ ထိုအစား သူမက အလျင်စလို ရှင်းပြလိုက်သည်။ “ ယောင်းမက အရမ်း သမာသမတ်ကျတယ်ဆိုတော့လည်း ကျွန်မက ထပ်မပြောတော့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး  မူဖေးရဲ့ ဆုံးဖြတ်ချက်ကို နားထောင်မှာပါ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now