အခန်း(၁၄၃)

1.4K 151 29
                                    

အခန်း(၁၄၃)

ပြန်လည်တွေ့ဆုံရန် အခွင့်အရေး။ ပွတ်တိုက်မိခဲ့သော အတိတ်။


Xue ကုန်းကုန်း၏ လျှို့ဝှက်ဆန်းကြယ်နေသည့် အမူအရာအားမြင်လျှင် မင်းသမီး Changping မှာ တိတ်တဆိတ် ဝမ်းသာသွားသည်။ “ မျှော်လင့်ချက်ရှိတယ်ပေါ့။"

Xue ကုန်းကုန်းမှာ စကားတစ်ခွန်းမှ မဆိုပဲ ပြုံးနေလျှင်  မင်းသမီး Changping မှာ ထပ်လောင်း၍ ယုံကြည်သွားကာ ရွှင်မြူးသွားသည်။ Mu Liuyue ၏ အလောင်းအစားနှင့် ယှဉ်လိုက်လျှင် သူမက ဤကိစ္စအား ပို၍ စိတ်ဝင်စားနေသည်။ ဒါပေါ့ သူမ က ဒုက္ခအကြီးအကျယ်ရောက်နေတဲ့ သူမရဲ့ သူငယ်ချင်းလေးကို လည်း ကူညီပေးဦးမှာပါ။ နောက်ဆုံးတော့ သူမရဲ့ ဒီသူငယ်ချင်းက သူမရင်ထဲမှာတော့ ညီမလေး တစ်ယောက်နဲ့ မခြားဘူး။

“Xue ကုန်းကုန်း ကျွန်မက ဒီနေ့ ခမည်းတော်နဲ့ တွေ့ရမှဖြစ်မယ်။ ရှင်က နည်းလမ်းတစ်ခုခုများ စဥ်းစားလို့မရဘူးလား။" မင်းသမီး Changping မှာ အလောတကြီး မေးလိုက်သည်။ Mu Liuyue မှာ အလောင်းအစားအား ငြင်းသည်ဖြစ်စေ မငြင်းသည်ဖြစ်စေ သို့မဟုတ် အဝတ်ချွတ်ကာ ပြေးသည်ဖြစ်စေ ယနေ့ပြီးဆုံးသွားသည်နှင့် အရာအားလုံးမှာ ပြီးသွားပြီဖြစ်သည်။ သူမ၏ ဂုဏ်သိက္ခာမှာ သေချာစွာ ပျက်စီးသွားပြီဖြစ်သည်။ Xue ကုန်းကုန်းမှာ အခက်တွေ့နေစဥ် Shuang Hong  မှာ အလျင်စလို ရောက်လာပြီး မင်းသမီး Changping ၏ နားတွင် တီးတိုးပြောလိုက်သည်။ ထိတ်လန့်သွားသည့် မင်းသမီး Changping မှာ ငိုချတော့မတတ်ဖြင့် ပြန်လှည့်ပြေးသွားသည်။

စစ်သူကြီးအိမ်တော် ဂိတ်တံခါးပွင့်လာပြီဟု Shuang Hong မှ ပြောခဲ့ခြင်းဖြစ်သည်။

တစ်ယောက်ယောက်ထွက်လာခဲ့ပြီး ထိုသူမှာ အခြားသူမဟုတ်ပဲ Mu Liuyue ၏ အစ်ကိုကြီး စစ်သူကြီးငယ် Mu Qingwu ပင်ဖြစ်သည်။

မင်းသမီး Changping မှာ အလျင်စလို ပြန်ရောက်လာချိန်တွင် စစ်သူကြီးအိမ်တော်ရှေ့၌ လူအုပ်မှာ ရေလှိုင်းများကဲ့သို့ ဝိုင်းရံနေကာ ဂိတ်တံခါးရှေ့တွင် Mu Qingwu မှာ ရပ်နေသည်။ သူက Mu Liuyue မှာ လွန်ခဲ့သည့် သုံးရက်မှစကာ ဖျားနာနေခဲ့ပြီး လောင်းကြေးအား ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းမရှိဟု ရှင်းပြပြီးခါစ ဖြစ်သည်။ ထိုအစား သူက သူမ၏ နေရာတွင် အပြင်အဝတ်ချွတ်ကာ လမ်းပေါ်တွင် ပြေးမည်ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now