အခန်း(၁၁၉)

1.5K 169 15
                                    

အခန်း(၁၁၉)

မင်းရဲ့ ဖေဖေက မင်းရဲ့ ပုံစံကို သဘောမကျဘူး။



Han Yunxi မှာ ကြောက်လန့်သွားသည်။ သူမ စဥ်းစားတွေဝေမနေပဲ မျက်နှာဖုံးစွပ် အမျိုးသား၏ လက်အား ပြင်းထန်စွာ ကိုက်လိုက်သည်။ ထိုအခြင်းအရာအား မြင်လျှင် Qingyi နှင့် အခြား မျက်နှာဖုံးစွပ် သူလျှိုများမှာ အံ့အားသင့်သွားကြသည်။ သခင်က Han Yunxi ရဲ့ အဆိပ်စွမ်းရည်ကို သဘောကျပြီး သူမတို့ထဲမှာ လေ့ကျင့်ပေးချင်နေပေမယ့် သူမရဲ့ လက်ရှိ အပြုအမူတွေက သေခြင်းတရားကို ဖိတ်ခေါ်နေတာပဲ။

သခင်က သူ့ကို ရိုသေပြီး အပြည့်အဝ နာခံတဲ့ သူတွေကို သဘောကျတယ်။ အံ့သြတကြီးဖြစ်နေသည့် လူအုပ်၏ အကြည့်များအောက်တွင် အရာအားလုံး၏ အချိန်မှာ အေးခဲသွားဟန်တူသည်။

“လွှတ်..” သူမ အပေါ်မှ ထွက်လာသည့် တိုးညှင်းသော အသံမှာ မုန်တိုင်းမတိုက်ခင် တည်ငြိမ်နေသည့် တိတ်ဆိတ်နေခြင်းအား ဖိနှိပ်ထားသကဲ့သို့ပင်။

သို့သော် Han Yunxi မှာ ကြားဟန် မတူချေ။ သူမအား တစ်ဖက်လူမှ လွှတ်ပေးရန် မျှော်လင့်မိကာ လုပ်မလား သေမလား ဟူသော စိတ်ဖြင့် စိတ်ပျက်လက်ပျက် ကိုက်ထားလိုက်သည်။   ပြင်းထန်သော နာကျင်မှုက သူ၏လက်မောင်းတစ်လျှောက် ထိုးတက်လာပြီး သူ၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်လာသည်။ ထို့နောက် သူ၏ ဒေါသများမှာ ပျောက်ကွယ်သွားပြီး တစ်ခါမှပင် မမြင်ခဲ့ရဖူးသော ရွှင်မြူးမှုများ အစားထိုးလာသည်။ “ Han Yunxi မင်းက ဒီအရှင်ကို အဆိပ်ခတ် နေတာလား။"

ဒါဘယ်လို အဆိပ်အမျိုးအစားလဲ။ သူက ယခုအချိန်မတိုင်ခင်အထိ အဆိပ်အား မခံစားမိခဲ့ပေ။

Han Yunxi ၏ သွားများမှာ ရပ်တန့်သွားပြီးနောက် သူ့အား လွှတ်ပေးလိုက်နေသည်။ သူမက မော့ကြည့်လိုက်ပြီး သူမ လုပ်ရပ်အား ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်သည်။ “ဟုတ်တယ်။ အဲ့တာ အပြင် ရှင်က အဆိပ်သင့်နေပြီ။"

သူမ၏ စကားများကြောင့် မျက်နှာဖုံးစွပ် အမျိုးသားမှာ သဘောတကျ ရယ်မောလိုက်သည်။ “ကောင်းတယ်.. အရမ်း ကောင်းတယ်။" သူက တကယ် အဆိပ်မိနေပြီ။ ဒါက ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်က သူ့ကို အောင်အောင်မြင်မြင် အဆိပ်ခတ်နိုင်တာ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now