အခန်း(၁၇၁)

1.3K 134 14
                                    

အခန်း(၁၇၁)

အမိန့်တော် ဖီဆန်ခြင်း။ အကုန်လုံး နင့်ကြောင့်ပဲ။




ဧကရာဇ် Tianhui မှာ ရှေ့တွင် မတ်တပ်ရပ်နေသော လူအား စိုက်ကြည့်ရင်း ဒေါသထွက်ကာ တုန်လှုပ်သွားသည်။

လုပ်ဖို့မဖြစ်နိုင်ဘူးလား?

မဖြစ်နိုင်ဘူးလို့ သူက တကယ်ပြောရဲတာလား?

Long Feiye မှာ ထိမ်းမြားမဟာမိတ်နှင့် ပတ်သက်၍ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ငြင်းဆန်ခဲ့ဖူးသော်လည်း ယခုအကြိမ်မှာ အခြားအကြိမ်များနှင့် မတူပေ။ ယခုတစ်ကြိမ်တွင် သူက တော်ဝင်မိန့်တော်အား ရင်ဆိုင်နေရခြင်းဖြစ်သည်။ ဧကရာဇ် Tianhui မှာ ခြေလှမ်းတစ်လှမ်း နောက်ဆုတ်ရလိုက်ပြီး သူ၏လေသံမှာ စိတ်ကူးကြည့်၍မရအောင် ဒေါသဖြစ်နေသည်။ "Long Feiye၊ မင်းအမိန့်ကို ငြင်းနေတာလား။"

မမျှော်လင့်စွာပဲ Long Feiye မှ တုံ့ပြန်လိုက်သည်။ "ချန်ဒီ က အမိန့်ကို ငြင်းဆိုထားပြီးသားပဲ။"

သူ၏အသံမှာ ပေါ့ပါးသော်လည်း မခံမရပ်နိုင်ဖြစ်ကာ ပြင်းထန်သော ဟန်ရှိနေသည်။ ဧကရာဇ် Tianhui အား ငြင်းဆန် နေသည့်တိုင် သူက မြင့်မြတ်ပြီး တည်ငြိမ်နေသည်။ ဧကရာဇ် Tianhui မှာ သူ၏ ခြိမ်းခြောက််နိုင်သည့် အရှိန်အဝါကြောင့် ဖိနှိပ်ခံရသကဲ့သို့ မှင်သက်ကာ စိုက်ကြည့်နေသည်။

မဟုတ်ဘူး၊ သူက ဧကရာဇ်ပဲ။ သူ့အာဏာကို ဘယ်သူမှ စိန်ခေါ်လို့မရဘူး။

သူက စားပွဲပေါ်ရှိ အစီရင်ခံစာများအား တွန်းဖယ်လိုက်ပြီး  မျက်လုံးများ မှိတ်ထားသည့် Long  Feiye အား သတ်ဖြတ်ချင်စိတ်များဖြင့် ကြည့်နေသည်။ သူက ဒေါသတကြီး ခေတ္တရပ်လိုက်ပြီးနောက် အမိန့်ပေး လိုက်သည်။ “ချင်ဝမ်က တော်ဝင်အမိန့်တော်ကို ဖီဆန်ပြီး လေးစားမှုကင်းမဲ့နေတယ်။ သူ့ကို နောင်တတရားခန်းမထဲမှာ ချက်ချင်း ချုပ်နှောင်ထားလိုက်။ ကိုယ်တော်ရဲ့  ခွင့်ပြုချက် မရှိပဲ သူ့ကိုဘယ်သူနဲ့မှ တွေ့ခွင့်မပေးရဘူး!"

သူ၏စကားအဆုံးတွင် Long Feiye အား ဖမ်းဆီးရန် အစောင့်များရောက်လာသည်။ ဧကရာဇ် Tianhui မှာ သူ့အား အေးစက်စွာ ကြည့်နေခဲ့ပြီး နောင်တရကာ သက်ညှာ တောင်းပန်ရန် မျှော်လင့်နေခဲ့သည်။ သို့သော် Long Feiye မှာ ခုခံမနေပဲ မထီမဲ့မြင် ပြုံးရင်း အစောင့်တွေနောက်မှ လိုက်ထွက်သွားလိုက်သည်။ ဧကရာဇ် Tianhui မှာ တံခါးဝမှ Long  Feiye မှ ပျောက်ကွယ်သွားပြီးနောက်တွင်  ထိုင်ခုံပေါ်သို့ လဲကျသွားသည်။သူက အိပ်မက်ဆိုးမှ နိုးလာသလို ခံစားနေရသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now