အခန်း(၁၂၈)

1.4K 152 0
                                    

အခန်း(၁၂၈)

ပြင်းထန်ခြင်း။ အခြေအနေမှန်။

သခင်မXu မှာ သူမ ၏ အိမ်ရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်ခဲ့သည်။ နောက်ဆုံးတွင် သူမ၏ နာမည်နှင့် ဂုဏ်သတင်းအား ပြန်လည် အဖတ်ဆယ်နိုင်ခဲ့သော်လည်း ကြင်ယာတော်ကြီး Yi မှာ မကန့်ကွက်တော့ဘူးဟု မဆိုလိုပေ။ သူမက သခင်မXu အတွက် အခက်အခဲများ မဖန်တီးပေးတာပဲ အတော်ပင် ကောင်းလှပြီ ဖြစ်သည်။ သူမက ဘယ်လိုလုပ် သခင်မ Xu အား ထိုင်ခွင့်ပေးနိုင်မှာလဲ။

ကြင်ယာတော်ကြီးYi မှာ အခန်းအတွင်းအား တစ်ချက်သာ ဝှေ့ဝိုက် ကြည့်လိုက်ပြီး စာလိပ်များသို့ အာရုံပြန်စိုက်လိုက်သည်။ သခင်မXuမှာ တရားရုံးတော်တွင် ကြင်ယာတော်ကြီးYi မှာ ဤမျှလောက်အေးစက်စွာ ပြုမူလိမ့်မည်ဟု မထင်မှတ်ထားပဲ အံ့အားသင့်မှုနှင့် ထိတ်လန့်မှု နှစ်ခုစလုံးအား ခံစားလိုက်ရသည်။ သူမက မေးခွန်းထုတ်လိုက်သည့်အနေဖြင့် စိုက်ကြည့်လိုက်သည်။ စိုးရိမ်ပူပန်နေသည့် ထိုမိန်းကလေးမှာလည်း သူမအား သတိပေးသည့်အနေဖြင့် ပြန်လည် စိုက်ကြည့်လိုက်သည်။ သူတို့၏ ထပ်တလဲလဲ စိုက်ကြည့်နေမှုများမှာ Han Yunxi ၏ အာရုံအား လုံးဝ ဖမ်းစားသွားသည်။ သူမက ဖြည်းညင်းစွာဖြင့် မျက်လုံးများအား မှေးကျဥ်းလိုက်သည်။

ကောင်းတယ်။ နောက်တစ်ကြိမ် Murong Wanru ပဲပေါ့။ သူမရဲ့ ယုတ်မာမှုက တရစ်ရစ်ဝဲနေတုန်းပဲ။ သူမက အခေါင်းမမြင်ရသေးရင် ငိုမှာမဟုတ်ဘူး။

ဒီနေ့ သူမက Murong Wanru ကို နောင်တဆိုတာရဲ့ အဓိပ္ပါယ်ကို သင်ပေးရမယ်။

ထိုစဥ် အပြင်ရှိ အစောင့်အကြပ်များမှာ အသံပြုလာသည်။ “ သတင်းပို့ပါတယ်။ အကျဥ်းသား Han Congan  ရောက်လာပါပြီ။"

လူတိုင်းမှာ ၁၂၀ရာခိုင်နှုန်း အာရုံစိုက်လိုက်ပြီး ထိုင်ခုံ ကိစ္စအား မေ့သွားကြသည်။ ကြင်ယာတော်ကြီးYiမှာပင် မတ်မတ်ထိုင်လိုက်ပြီး အာရုံစိုက်လာသည်။ “ ဝင်ခွင့်ပေးလိုက်။"

 Han Congan မှာ ဘာကိစ္စများဖြစ်နေမှန်း မသိပဲ ဘယ်သူက သူ့အား တွေ့ချင်နေမှန်းလည်းမသိပေ။ သူ့အား တရားခွင်တွင် တွေ့ဆုံလိုသူရှိပြီး ထိုသူမှာ အရေးပါအရာရောက်သည့် သူဖြစ်ရမည်ဟုသာ ခန့်မှန်းထားနိုင်သည်။ Han Yunxi မှ လွဲ၍ သူ့အား သတိတရ တွေ့ချင်သည့်သူများလည်း မရှိတာကြောင့် သူက ဘယ်သူမှန်း မစဥ်းစားနိုင်ပေ။ သို့တိုင် Han Yunxi မှာ သူ့အား အကျဥ်းခန်းမှာသာ အကြိမ်တိုင်းလာတွေ့သည်။  သံသယများဖြင့် ပြည့်နေသော Han Congan မှာ ရှေ့တိုးသို့ လိုက်ပြီး တရားခွင်တံခါးဘောင်မှ ကျော်ဝင်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now