အခန်း(၁၉၉)

2.9K 215 13
                                    

အခန်း(၁၉၉)

ရင့်နေတဲ့ ဂျင်းက ပိုစပ်တယ်။






Gu Beiyue မှ ကိုယ်တိုင်ကိုယ်ကျ အခမဲ့ကုသပေးရန် ရောက်ရှိနေချိန်တွင် ဟန်မိသားစုတောင်ဘက်ဆေးခန်းမှာ အလွန်အမင်း ကျော်ကြားသွားတော့သည်။ လူတန်းထဲတွင် လူချမ်းသာများအပြင် များစွာသော အထက်တန်းအဆင့်အရာရှိများ၊ မြင့်မြတ်သူများ သာမက တော်ဝင်မိသားစုမှ ဆွေမျိုးများပင် အလှည့်ရောက်နိုင်ရန် အလျင်အမြန် ရောက်လာကြသည်။ Gu Beiyue  မှာ ဟန်မိသားစုနာမည်အောက်တွင် ကုသပေးနေသည့်အချက်အား ဂရုမထားမိကြတော့ချေ။

သူက တော်ဝင်သမားတော်ခြံဝန်းမှ သမားတော်ချုပ်ဖြစ်ပြီး ဧကရာဇ် Taihui ၏ သီးသန့် သမားတော်ဖြစ်သည်။ ဧကရာဇ် Taihui  မှ ညွှန်ကြားခြင်း မရှိလျှင် သူကိုယ်တိုင် လာရောက်ခြင်းဖြင့် ဂုဏ်ပြုသည်မှ လွဲ၍  မည်သူက သူ့အား ဖိတ်ခေါ်နိုင်မည်နည်း။ မယ်တော်ကြီးမှာ Murong Wanru မှ ရောက်ရှိမလာခင်ကပင် သတင်းရရှိပြီး ဖြစ်သည်။ သူမ၏ အထောက်တော်များမှာ တောင်ဘက်ဆေးခန်း၏ တိုးတက်မှုအား အဆက်မပြတ် သတင်းပို့ပေးပြီး သူမက ငြိမ်ငြိမ်ထိုင်မနေနိုင်တော့သည်အထိ စိတ်ဆိုးဒေါသထွက်နေသည်။ သူမ၏ ဒေါသများမှာ တစ်စတစ်စ ကြီးထွားလာပြီးနောက် ကွဲအက်သွားတော့သည်။

“တစ်ယောက်ယောက် Gu Beiyue  ကို ခေါ်လိုက်။ ငါက အရမ်းကို မသက်မသာ ခံစားနေရတယ်ဆိုပြီး သူ့ကို အခု ချက်ချင်း လာစေချင်တယ်လို့ ပြောလိုက်။" မယ်တော်ကြီးမှာ အံကြိတ်ကာ အမိန့်ပေးလိုက်သည်။

မိန်းမစိုးတစ်ယောက်မှာ သွားရောက်ရန် ပြင်လိုက်စဥ် လီမားမားမှာ သူ့အား အလျင်အမြန် တားဆီးလိုက်သည်။ “ သခင်မကြီး ဒီလိုလုပ်လို့ မဖြစ်ပါဘူး။ မဖြစ်ပါဘူး။"

“ဘာလို့ မဖြစ်ရမှာလဲ။ သူက အပြင်လူတွေကို ကူညီနေတယ်။ ဟန်မိသားစုကို ကူညီပြီး နန်းတော်ကနေ အရာရှိ လစာ ယူနေတယ်။ သူက ဆေးပညာ ထက်မြက်တာနဲ့ပဲ ငါက သူ့ကို ထိဖို့ ကြောက်နေမယ် မထင်နဲ့။" မယ်တော်ကြီးမှာ အလွန်အမင်း ပေါက်ကွဲ ဒေါသထွက်နေသည်။

“လေးစားရတဲ့ မယ်တော်ကြီး သူတို့က အခမဲ့ လူနာ ကုသပေးနေတာပါ။ မြို့တော်က လူထုအကုန်လုံးက စောင့်ကြည့်နေကြတာပါ။ တကယ်လို့ တော်ဝင်သမားတော်Gu ကို အခုလို ပြန်ခေါ်လိုက်ရင် အထင်အမြင်ဆိုးတွေ ရှိသွားနိုင်ပါတယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် Where stories live. Discover now